1 . 2

397 70 3
                                    

Unicode;

အိမ်ပြင်ပြီးသွားတဲ့အခါ နဂိုက ဟောင်းနွမ်းနွမ်းအိမ်လေးက နေချင်စဖွယ်ဖြစ်သွားသားပဲ...
အဖြူရောင်နဲ့ အစိမ်းဖျော့ရောင်ချယ်မှုန်းထားတဲ့နံရံတွေဟာ သစ်လွင်တဲ့ပုံစံလေးဖြစ်သွားပြီး ခြံစည်းရိုးကလည်း အဖြူရောင်ဆေးအသစ်သုတ်ထားတယ်။
ပြောင်းလာစက ဖြစ်သလိုနေခဲ့ရပေမဲ့ ပါးနဲ့မားက အိမ်ပြင်ပြီး သူ့အခန်းကိုပြလိုက်တဲ့အချိန်မှာတော့ဟတ်ထု​လေးနည်းနည်းထိသွားပါတယ်။
တစ်ခန်းလုံးဟာ သူ့အကြိုက် အစိမ်းရောင်တွေနဲ့ အလှဆင်ထားပေးတာဖြစ်ပြီး အရင်အိမ်ကထက် အများကြီးကျယ်တဲ့အခန်းဖြစ်နေတာမို့ ...

"ဘယ်လိုလဲ... ကြိုက်ရဲ့လား..."

မဆိုးပါဘူး... ပါးက တော်သားပဲ... အမြင်ရှိတယ်။
ရော့ .. တစ်မှတ်ယူ..

ဆိုပေမဲ့...

"ပါးက ​ဒီမှာ တစ်သက်လုံးနေမလို့လား"

ပါးနဲ့မားက တစ်ယောက်ကိုတစ်ယောက် ကြည့်တယ်။
အင်း... သူ့မိဘတွေက တစ်ခုခုပဲ...

သူက ဆယ့်တစ်နှစ်ပဲရှိသေးပေမဲ့ သိတာတွေ အများကြီး ရှိလာပြီလေ....

မားက သူ့ရှေ့ဒူးကွေးကာ ထိုင်ချလိုက်ပြီး..

"ပါးတို့ မားတို့နဲ့ သားက ဒီမှာပဲ အကြာကြီးနေဖြစ်တော့မှာ.... ပါး အလုပ်​​​နေရာပြောင်းရရင်တောင် မားတို့က ဒီမှာပဲနေခဲ့ပြီး အခြေချဖို့ ဆုံးဖြတ်ထားတယ်"

"ပါး အလုပ်ထပ်ပြောင်းရင်တောင် သားနဲ့မားက လိုက်ပြောင်းစရာ မလိုတော့ဘူးပေါ့..."

"ဟုတ်တယ်... မားတို့ ဒီမှာပဲ အမြဲနေတော့မှာ..."

ဘာရယ်မဟုတ် အရှေ့မျက်စောင်းထိုးအိမ်ဘက်ကို လှမ်းကြည့်မိလိုက်တယ်။

"သား.. အဆင်​ပြေတယ်မလားဟင်.."​

"ပြေ...ပါတယ်"

သူ မချိတင်ကဲ ပြုံးပြလိုက်တယ်။

မပြေလို့လည်းမရဘူးလေ...
မပြေဘူးဆိုရင် လမ်းပေါ်ထွက်နေစရာပဲရှိတယ်။
လမ်းပေါ်မှမနေနိုင်တာ...
ဒီမိဘရဲ့သားဖြစ်မှတော့ ထားရာနေရမှာပေါ့...

သူ့အခန်းက အိမ်အပေါ်ထပ်မှာဆိုတော့ သူ့အခန်းပြတင်းပေါက်ကနေကြည့်လိုက်ရင် ရှောင်းကျန့်ရဲ့အိမ်ကို တန်းနေအောင်မြင်ရတယ်...
ရှောင်ကျန့်အကိုကြီးရဲ့အခန်းကိုရောပဲ...

Apple And OrangeWhere stories live. Discover now