Unicode;
အိမ်အပြန်ကားပေါ်တစ်လမ်းလုံး ရှောင်းကျန့်စကားမပြော...
သူကလည်း သူ့ဘာသာ စကားလွန်ပြီး စကားစမပြောရဲ...
တကယ်ပဲ သူပြောလိုက်တာတွေကြားသွားရင် တကယ် စိတ်ဆိုးလောက်တယ်မလား...
ဒါပေမဲ့ ရှောင်းကျန့်တကယ်စိတ်ဆိုးနေတာ ဘာကြောင့်လဲဆိုတာ သူမသိ...ဘတ်ကားပေါ်က ဆင်းလာတဲ့နောက် သူ့ခြေလှမ်းတွေက နှေးတိနှေးကန်ဖြစ်နေပြီ...
ရှောင်းကျန့်နောက်ကနေ ခေါင်းငုံ့လို့ ခပ်ဖြေးဖြေးလျောက်လာတယ်။"အ"
ရပ်လိုက်တဲ့ ရှေ့ကလူရဲ့ကျောကို တိုက်မိခြင်း...
"အား...ဆောရီး.."
ရှောင်းကျန့်က သူ့ဘက်ကို ဆတ်ကနဲ လှည့်လာတယ်။
"လက်စသတ်တော့ ဝမ်ရိပေါ်ရဲ့အကြိုက်က ဟော့ပေါ့ဆိုင်ကအတန်းဖော်မဟုတ်ပဲ စကိတ်ကွင်းကတစ်ယောက်ဖြစ်နေတာပဲ..."
"ဟမ်.."
ဘာတွေပြော...
"နေ့လည်က ကိုယ်မင်းကို စိတ်ဝင်စားတယ်ပြောမိလိုက်တာနဲ့ကို တစ်ခါတည်း ခေါ်သွားပြလိုက်တာလား.... ကိုယ်က မင်းတကယ် စကိတ်စီးချင်တာထင်လို့ အဖော်လုပ်ပေးဖို့ လိုက်လာခဲ့တာ.... တကယ်.. "
"နေဦး... နေဦး.."
သူထင်နေတာက သူ လျောက်ပြောလိုက်တဲ့စကားတွေအတွက် စိတ်ပူနေရမယ်ပေါ့...
အခုက..."မင်း ငြင်းချင်ရင် ဒီလိုခေါ်သွားပြီး အသိပေးစရာမလိုပါဘူး..... ဒါက ဘယ်လိုတောင် ခံစားရလဲဆိုရင်... ကိုယ့်ကို ရိုက်ချလိုက်သလိုပဲ..."
အယ် အယ်...
တစ်ခါခြေလှမ်းကျယ်ကြီးတွေနဲ့ လှမ်းသွားပြန်ပြီ...
သူ့မှာ ရှောင်းကျန့်ပြောသွားတာတွေမြန်လွန်းလို့ နားလည်အောင် အရင် စကားလုံးပြန်စီရတယ်...
ခေါ်သွားပြတယ် ဟုတ်လား...
ဟ..
မဟုတ်သေးဘူးလေ...
ဒါက ပိုဆိုးကုန်ပြီ...အဲ့လိုမဟုတ်ဘူး...
"ရှောင်းကျန့် ရှောင်းကျန့်အကို.."
သူရှောင်းကျန့်ရှေ့ပြေးကာပိတ်ရက်လိုက်တယ်။
"အဲ့လိုမဟုတ်ဘူး... အကို နားလည်မှုလွဲနေပြီ.. အဲ့လိုမဟုတ်ဘူး... ဒီတိုင်း စကိတ်သွားစီးရုံပဲ... ကျွန်တော်က..."