Unicode;
မှန်ထဲက မျက်အိမ်တွေညိုနေတဲ့ မျက်လုံးလေးပင်ပင်နဲ့ကောင်လေးက အားရစရာမရှိ...
ညက သူ အိပ်မပျော်ထားဘူး...
အတွေးပေါင်းသောင်းခြောက်ထောင်က နှိပ်စက်လွန်းလို့ ဆယ်ကျော်သက်ရဲ့ အိပ်ပျက်ညကို ရင်ဆိုင်လိုက်ရတယ်..."ဒါက ဘာကြီးလဲ.!!!."
မြင်လိုက်ရသည်က ပါးပေါ်က ဝက်ခြံဖုကြီး...
သူ ထိပ်လန့်သွားတယ်...
အသက်ပင် တိုသွားသလိုပါ ခံစားလိုက်ရ..ဘာလို့လဲ... ဝက်ခြံက ဘာလို့ ဒီမျက်နှာပေါ် လာပေါက်နေရတာလဲ... အား...
စိတ်ညစ်လိုက်တာ...
စိတ်ကုန်တယ်...
မဟုတ်... စိတ်ဓာတ်ကျ...သူ့ရဲ့မျက်နာချောချောလေးဟာ အခုတော့ နီရဲရဲဘုကြီးနဲ့...
ဒါဘယ်သူ့ကြောင့်လဲ...
အဲ့ဒီ လေဆင်နှာမောင်းလို ရှောင်းကျန့်ကြောင့်...တည်ငြိမ်နေတဲ့သူ့ဘဝကို လာမွေနှောက်နေတဲ့လူ...
ဒင်းကြောင့် ဝက်ခြံထွက်လာတာ..
မကျေဘူး.. ဒီလူ...
ထမင်းစား စားပွဲမှာ ညှင်းသိုးသိုးပုံစံနဲ့ ပါးတစ်ဖက်မှာ ဝက်ခြံဖုနဲ့ ဝမ်ရိပေါ်ဟာ မျက်နှာရှစ်ခေါက်ချိုးနဲ့ ထိုင်နေတော့တယ်။
မားက သူ့ကို ကြည့်ပြီး..
"သားလေး... အိပ်ရောအိပ်ထားရဲ့လား..."
"ဟင့်အင်း.."
"ဘာလို့ မအိပ်ရတာတုန်း.."
"အစမ်းဖြေရှိလို့.."
"အိုက်ရား.. ငါ့သားလေး အရမ်းအပင်ပန်းခံနေရတာပဲ.. ခဏ"
မားက အခန်းထဲပြေးဝင်သွားတယ်...
ပြန်ထွက်လာတော့ လက်ထဲ ပုလင်းတစ်ခုပါလာရဲ့...
"အတော်ပဲ... မားက တစ်နေ့ကပဲ တိုင်းရင်းဆေးစပ်လာတာ.. မားရဲ့သားလေးအတွက် အားရှိပြီးဉာဏ်ရည်တိုးဖို့လေ..."
"အာ..."
ဆေးကို ဖန်ခွက်ထဲထည့်လို့ သူ့ဆီထိုးပေးလာတယ်...
အရောင်က ခပ်ညိုညို..."သောက်လေ..."
"အွန်း.."
မားစိတ်ချမ်းသာအောင် ဘာမှမပြောပဲ သောက်ပေးလိုက်ပါတယ်...
အရသာက ခါးသက်သက်ရယ်...