Unicode;
"ရှောင်းကျန့်က ငါ့ကို ကြိုက်တယ်တဲ့လား.."
အိပ်ရာနိုးနိုးချင်းတွေးမိတဲ့ အတွေးဟာ ဒီတစ်ခုတည်းသာဖြစ်တယ်။
ဘာလို့လဲ...
သူက မိန်းကလေးနဲ့များ အသွင်အပြင်တစ်ခုခု ဆင်တူနေတာမျိုးများ ရှိနေသလား...
ရှောင်းကျန့်က သူ့ကို ဘာလို့ကြိုက်တာလဲ...ရေချိုးခန်းထဲက ကိုယ်လုံးပေါ်မှန်ထဲ သူ့ကိုယ်သူသေချာကြည့်နေမိတယ်။
သူ့ခန္ဓာကိုယ်က ကျစ်လျစ်ပေမဲ့ ခပ်သွယ်သွယ်...
ရင်ဘတ်ဟာလည်း ပြားချပ်ချပ်...
သူက ရှောင်းကျန့်ထက် အရပ်အနည်းငယ်နိမ့်ပေမဲ့ ရွယ်တူချင်းမှာဆိုရင်တော့ သူက အရပ်ရှည်ပါတယ်။
လက်မောင်းတွေက ဒီထက်တောင့်တင်းပြီး ရင်ဘတ်က ပိုကျယ်ပြန့်နေသင့်တယ်...
လေ့ကျင့်ခန်း သေချာလုပ်ရမယ်...ရှောင်းကျန့်က သူ့ကို ကြိုက်တယ်တဲ့လား...
သူက ကြိုက်ချင်စရာကောင်းတာ သိပေမဲ့ ယောက်ျားလေးချင်းကြိုက်ပြီး ယောက်ျားလေးခန္ဓာကိုယ်ကို ထိတွေ့ခံစားနိုင်ဖို့ဆိုတာ....
မှန်ထဲက သူ့ပုံရိပ်ဟာ ဖြူဖွေးကြည်စင်ကာ နှစ်သက်ချင်ဖွယ်ရာဖြစ်တယ်လို့ သူတော့ယူဆတယ်။
ရှောင်းကျန့်ဆိုရင်ရော...
ရှောင်းကျန့်အသားအရေက သူ့လိုဖြူဖွေးဥနေတာမဟုတ်ပဲ ကြည်စိုစိုနဲ့ ခပ်လတ်လတ်အသားအရေမျိုး....
ရှောင်းကျန့်က လက်ရှည်တွေပဲ အဝတ်များလို့ သေချာမမြင်ဖူးပေမဲ့ အနီးကပ်တွေ့ဆုံသွားလာဖူးတာမို့ ရှောင်းကျန့်ရင်ဘတ်တွေက အရပ်အမောင်းနဲ့လိုက်ဖက်ညီအောင် ကျယ်ပြန့်တယ်ဆိုတာ သူသိတယ်။
လက်မောင်းကြွက်သားတွေလည်း ရှိမှာသေချာတယ်...တကယ်လို့ ရှောင်းကျန့်က သူ့ကို ဖက်ချင်တာမျိုးဆိုရင်.... ...... သူမြုတ်သွားနိုင်....
အားးး အားးး !!!!!
ဘာလဲ????
ဘာတွေတွေးနေတာလဲ...
သူ့မျက်နှာပေါ်ရေအေးတွေ ဖွင့်ချပစ်ကာ ခေါင်းကိုသူ့ဘာသာ သုံးချက်လောက်ခေါက်လိုက်တယ်။
ရူးနေပြီလား ဝမ်ရိပေါ်...
စိတ်တွေဖောက်ကုန်ပြီလား..