Unicode;
သဘောကျတဲ့လူကိုတွေ့ရတဲ့အခါ ရင်ခုန်ပြီးစိတ်လှုပ်ရှားရတယ်တဲ့...
အခုဖြစ်နေတာ အဲ့လိုပဲထင်တယ်...
အခု သူ့ရင်ဘတ်ထဲ နှစ်သစ်ကူးဗျောက်အိုးဖောက်နေသလိုပဲ၊ ဗုံတီးပြီးကခုန်နေကြတာတောင် ပါဦးမယ်.... ဒုံး ဒုံး ဒုံး နဲ့...
ခပ်လှမ်းလှမ်းကနေ မြင်နေရပါတယ်...
စောင့်နေကျလမ်းထိပ်မှာပဲ လက်ပိုက်ကာ ခေါင်းကိုငုံ့လို့ရပ်နေရင်း ခြေထောက်ထိပ်က ကွန်ကရစ်လမ်းကို ပေါက်လို့ ရပ်စောင့်နေတဲ့ ရှောင်းကျန့်.....ညဦးပိုင်းရဲ့လေပြေခပ်အေးအေးမှာ စက်ဘီးကို အရှိန်တင်နင်းလာခဲ့တာမို့ သူ့ရဲ့ဆံပင်တွေက လေအရှိန်နဲ့ ထိုးထိုးထောင်ထောင်ဖြစ်နေပြီး ချမ်းစိမ့်စိမ့်ပင် ဖြစ်နေတာရယ်...
အနားမရောက်ခင် ဆံပင်တွေကို ပုံစံတကျ ပြန်သပ်ချလိုက်တယ်...
ဖရိုဖရဲဖြစ်နေမလားထင်သမျှကို သပ်ရပ်အောင် ပြန်ပြင်ဆင်လိုက်ပြီးမှ သူ့ကိုယ်သူ အတည်ငြိမ်ဆုံးထားလိုက်ရင်း ရှောင်းကျန့်အနားကို ခပ်မြန်မြန်လျောက်သွားလိုက်တယ်...."အကို.."
ကြည့်ရတာ ပျင်းရိနေအောင်ကို စောင့်နေခဲ့ပြီးပြီထင်ပါတယ်...
သူ့ကိုတွေ့တဲ့အခါ ရှောင်းကျန့်တစ်ယောက် အရင်ဆုံးသက်ပြင်းချတော့တာပဲ...
"ပြန်လာပြီပဲ..."
"အွန်း..... ပြန်လာပြီ... အိမ်ကို..."
သူ့အိမ်ဘက်ကိုလည်း လက်ညိုးထိုးပြရသေးတယ်...
"ကျွန်တော်... နေ့တိုင်းအိမ်ပြန်ပါတယ်..."
မသိရင် အမူအရာက အိမ်ပေါ်ကဆင်းသွားတဲ့ အိမ်သားကို ထွက်စောင့်နေတဲ့အတိုင်းမို့....
"ဒါက ဘာဖြစ်တာ..."
အာ... မေ့သွား...
သူမြောက်လိုက်တဲ့လက်က လက်ညှပ်ထားတဲ့ဘက်ဖြစ်နေတယ်...
ရှောင်းကျန့်က သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး ပတ်တီးအနည်းငယ်အုပ်ထားတဲ့ ဒဏ်ရာနေရာကို ကြည့်တယ်...
"အာ... နည်းနည်း ခိုက်မိရုံ.."
လက်ကို ပြန်ဆွဲယူလိုက်ပြီး အနောက်ပို့လိုက်တဲ့အခါ ရှောင်းကျန့်အကြည့်တွေက လက်ဆီကိုလိုက်ကြည့်နေရာကနေ သူ့မျက်လုံးတွေဆီ ကူးပြောင်းလာတယ်....