Unicode;
ဒီနေ့ အစောကြီး နိုးတယ်။
မနေ့က တစ်နေကုန် အပြင်မထွက်ရလို့ အပျင်းတစ်ပြီး အိပ်ပဲအိပ်နေတာမို့ လူကအရမ်းကို စွမ်းအင်တွေပြည့်ဝနေပြီ။
ကုတင်ပေါ်က ထထိုင်လိုက်ပြီး ပြဲထားတဲ့ဒူးခေါင်းလေးကို ငုံ့ကြည့်လိုက်လေတော့...မိခင်ရဲ့ စိုးရိမ်တက်မှုအဖြာဖြာကို ထိုင်ကန်တော့ရမယ်..
ဘယ့်နှယ် ဒူးလေးပွန်းတာကို ကျိုးကုန်တဲ့အတိုင်း စည်းပေးထားတာ ပတ်တီးကို...
မသိရင် ဝမ်ရိပေါ် ဒုက္ခိတဖြစ်နေတာကျလို့....ရေမချိုးခင် ပတ်တိီးထိုင်ဖြည်နေရတာက အလုပ်တစ်ခု..
"စပ်တာဟ..."
အကုန်ဖြည်ပြီးတဲ့နောက် ဒူးလေးက ရဲလို့...
ချောမောတဲ့သူတွေများ ဒဏ်ရာရနေတဲ့ဒူးတောင် ချောတယ်...ဒီလိုပါပဲ... ချစ်တက်ရတာပေါ့ ကိုယ့်ကိုကိုယ်...
အဲ့ဒီနောက် သူ့မနက်ခင်းရဲ့ ပုံမှန်လုပ်ရိုးလုပ်စဥ်အတိုင်း သီချင်းလေးဖွင့်တယ်...
မရတရ အင်္ဂလိပ်သီချင်းစာသားလေးတွေ လိုက်ဝါးချဆိုတယ်...အော... မေ့လို့...
ပြတင်းပေါက်လေးဖွင့်လို့ မျက်စောင်းထိုးအိမ်ကို လှမ်းရှိုး..
လိုက်ကာကြီးပိတ်ထားပြန်ပြီ...
မိခင်က ဟိုတစ်ရက်က ဒူးလေးပွန်းလာတာကိုပဲ အကဲပိုပြီး မနေ့ကတစ်နေကုန် အိမ်ပြင်ပေးမထွက်လို့ ပျင်းပျင်းရှိတာနဲ့ ခြံထဲဆင်းလိုက် အပင်ရေလောင်းလိုက် အိမ်ပေါ်တက်လိုက်နဲ့နေရင်း ချောင်း... အဲ... လှမ်းလှမ်းကြည့်မိသေးတာကို ဒင်းအရိပ်တောင်မမြင်...
ညကျ ခြံထဲဖုန်းပြောနေတာ တွေ့သဟ..
အခု ပျောက်နေပြန်ပြီ...စာသွားသင်တာ သွေးစုပ်ဖုတ်ကောင်များ ဖြစ်လာသလားပဲ...
အခန်းလိုက်ကာကြီးအုပ်ပြီး လူလည်းညမှမြင်ရတယ်...
တအားတွေလျှို..တော်ပါပြီ စိတ်မဝင်စားဘူး.. အချိန်ကုန်တယ်... energy ခမ်းတယ်...
ကျောင်းသွားဖို့ပဲ ပြင်တော့မယ်။
မှန်ရှေ့ရပ်ပြီး ဆံပင်လေးကို သေချာပုံသွင်း...
နဖူးပေါ်ဆံပင်နှစ်ချောင်းသုံးချောင်းလောက် ချလိုက်...
မိခင်အခန်းထဲဝင်ပြီး ဘာတံဆိတ်မှန်းမသိတဲ့ မျက်နှာလိမ်းခရင်မ်ကို ယူလိမ်းပြီးနောက်...