Unicode;
အိမ်အပေါ်ထပ်က အစိမ်းရောင်အခန်းထဲ ထုရိုက်သံတွေနဲ့ ဗျစ်တောက်ဗျစ်တောက် အသံတွေညံလို့...
"အမေက ဒီလောက် ဂရုစိုက်အပ်ထားတာကို ဒီရုံးခန်းပဲ ဝင်ထွက်နေ... အဲ့နေရာကို နားနေခန်းမှတ်လို့ တစ်ချိန်လုံး အခေါ်ခံနေတာလား.."
"အား.. မားကလည်း ခေါတ်မေမေဖြစ်ပြီး ဒီလောက် ဗျစ်တောက်ဗျစ်တောက်ပြောနေတယ်... အသံချိုချိုလေးနဲ့ ဆူပါဆို... "
"အခုမှအသက်ပြည့်ခါနီးရှိသေးတယ်.. ဒီနုတ်သီးလေးက စွာနေ"
"မားနော်... ထုလိုက် ရိုက်လိုက်နဲ့ ခုလည်း နုတ်သီးလို့ပြောပြန်ပြီ.. ကိုယ့်သားကို အိုးထဲထည့်ပြီး အသားပေါင်းပဲ လုပ်လိုက်ပါတော့လား"
ဟော... ပြောတုန်းရှိသေး လက်မောင်းပေါ် လက်ရာတစ်ချက်ရိုက်ပြန်ပြီ...
မွေးထားတယ်ဆိုပြီး လုပ်ချင်ရာလုပ်နေတော့တာပဲ...
"နောက်တစ်ခါ ရုံးခန်းခေါ်ရတယ် အကြောင်းထပ်ကြားရင် တကယ်ပေါင်းပစ်တော့မှာ သိလား.."
"ဟင့် ရက်စက်တဲ့မိခင်ကြီး.."
တကယ်တော့ သူနဲ့မားက သူငယ်ချင်းပေါင်း ပေါင်းတာ...
အမေပေမဲ့ ဘာမဆိုတိုင်ပင်လို့ရပြီး ဘာပဲဖြစ်ဖြစ် ပြောရဲတဲ့အထိ မားက ပွင့်လင်းစွာထားတယ်။"ကဲ ပြော... ဒီတစ်ခေါက်ကရော ဘာအကြောင်းနဲ့ ရောက်တာလဲ..."
အဲ့ဒီအခါ ညနေက ဆရာပြောတာကို ပြန်ကြားယောင်ပြီး ပြုံးမိရော...
"ရော... ရုံးခန်းရောက်ခဲ့တဲ့မျက်နှာက ပြုံးဖြီးလို့.."
"မားသိလား... သားလည်း မထင်ထားဘူး... သား ခံဝန်လက်မှတ်ထိုးခဲ့ရတာလေ.."
"ဘာရယ်..."
"အကြောင်းရင်းက လူကြိုက်များမှုကြောင့်တဲ့ အဟဲ.."
မားက သူ့ကို လက်ပိုက်လို့ မယုံသလိုကြည့်တယ်...
"ဇာတ်လမ်းဆင်ဖို့ စိတ်မကူးနဲ့နော် ဝမ်ရိပေါ် "
"တကယ်ပြောတာ မားရဲ့... ကျောင်းမှာ သားရဲ့ကျော်ကြားမှုကြောင့် ကောင်မလေးတွေ ဂျူနီယာလေးတွေက စာကို စိတ်မဝင်စားပဲ ဝမ်ရိပေါ်နောက်ပဲ လိုက်ကြည့်နေလို့တဲ့လေ..."