2 . 7

370 75 3
                                    

Unicode;

"ဝမ်ရိပေါ်... မင်းအဲ့လို မဖောက်နဲ့လေ... ထွက်တောင်ထွက်လာပြီးမှတော့ တစ်ခါတည်းလိုက်ခဲ့ပါဆို..."

စားပြီးသောက်ပြီးတော့ ဆက်ပြီးလည်ပတ်ချင်နေသေးတဲ့ ဟောက်ရွှမ်းက သူပြန်ဖို့ကို ခွင့်မပြုချင်...

"ငါ... တကယ်မလိုက်တော့ဘူး... ဗိုက်ထဲလည်းသိပ်မကောင်းလို့...  ဒါကြောင့် မင်းတို့ငါ့ကြောင့် နှောင့်နှေးနေမယ်"

"ရတယ်လို့... ဝမ်းနုတ်ဆေးသောက်မလား... မင်းအကုန်နုတ်ပြီးတဲ့အထိ ငါတို့စောင့်မယ်... ဒါမှအဆင်မပြေရင် toilet ထဲထိ လိုက်နုတ်.."

"ဟေ့ကောင် ဟေ့ကောင်.."

သူ မိန်းကလေးနှစ်ယောက်ကို အားနာသွားတယ်။
တစ်ချက်ခွင့်တောင်းကာ ဟောက်ရွှမ်းကို ပါးစပ်ပိတ်လို့ ခပ်လှမ်းလှမ်းကို ဆွဲခေါ်လိုက်တော့ ရှင်းယီကလည်း လိုက်လာပါရဲ့...

"မင်းဘာသာ ရည်းစားနဲ့လည်ချင်တာ အေးဆေးလည်ပါ့လား... ဘာကိစ္စငါ့ကို အတင်းခေါ်နေတာလဲ..."

"မင်းကလည်း.. မင်ယွဲ့ပါလာပြီးသားဖြစ်နေလို့လေ... သူက မင်းကြောင့်လိုက်လာတာလို့... သူခေါ်ပေးလို့ ဖန်ဖန်းက လိုက်လို့ရတာပါဆိုနေ..."

"မင်းဘာသာခေါ်တာလေ ငါခေါ်ခိုင်းလို့လား... သူ့တောင်သဘောနဲ့သူလိုက်လာတာပဲ... ငါလည်းငါ့သ​ဘောနဲ့ငါ ပြန်ချင်ပြန်မှာပဲလေ..."

တစ်ဖက်မှာ သူ့ကိုရပ်စောင့်နေတဲ့ ရှောင်းကျန့်ကို အားနာတာ တစ်မျိုး...
ကပ်သပ်နေတဲ့ ဟောက်ရွှမ်းကို စိတ်ညစ်လာတာတစ်မျိုးနဲ့ သူ မကြည်တော့...

"သူငယ်ချင်းလိုပဲလေ... ဒီတိုင်းလည်ရုံပဲကို..."

သူရှောင်းကျန့်ရှိရာဘက်ကို လှမ်းကြည့်လိုက်တယ်...
သစ်ပင်ငယ်တစ်ခုရဲ့ အရိပ်အောက်မှာ တည်ငြိမ်စွာရပ်စောင့်နေတုန်း...

"မင်းတကယ်ပြန်ချင်တာလား... တကယ် ငါတို့နဲ့ မလည်ချင်ဘူးလား..."

ရှင်းယီက ဝင်ပြောလာတာဖြစ်တယ်။

"မင်းတို့ကိုတော့ အားနာပါတယ်... မင်ယွဲ့နဲ့ .. ငါ... တကယ် နေရခက်တယ်...​ ဆောရီး..."

Apple And OrangeWhere stories live. Discover now