Unicode;
"ပင်ပန်းလား..."
ဒီအုတ်ခုံလေးဟာ သူတို့နှစ်ဦးဆုံတဲ့နေရာလိုတောင်ဖြစ်နေပြီ...
"နည်းနည်းပါ..."
သူက ခုံမှထိုင်နေပေမဲ့ ရှောင်းကျန့်ကတော့ ရပ်လျှက် သူ့ကိုကြည့်နေတုန်း...
သူသက်ပြင်းအလီလီချမိနေတယ်...
ရှောင်းကျန့်က သူ့ဘေးဝင်ထိုင်လိုက်ရင်း...
"တစ်ခုခုခက်ခဲတာ ရှိနေတာလား.."
သူ ခေါင်းတစ်ဆတ်ဆတ်ညိတ်တယ်။
"အတန်းဖော်တွေ သူငယ်ချင်းတွေအကုန် သူတို့လုပ်ချင်တဲ့အရာ တက်ချင်တဲ့ တက္ကသိုလ်ကို စဥ်းစားပြီးကြပေမဲ့ ကျွန်တော်က ဘာတက်ချင်မှန်း မသိဘူး..."
"မင်း.. အနုပညာဝါသနာပါတယ်လေ.."
"မားက ပုံမှန်တက္ကသိုလ်တစ်ခုခုတက်ပြီး ပါးလိုမျိုး ပုံမှန်အလုပ်တစ်ခုနဲ့ ရပ်တည်စေချင်တယ်တဲ့... အနုပညာကို ဝါသနာပါသလို ကျွန်တော်က မော်တော်ဆိုင်ကယ်ချန်ပီယံတစ်ယောက်လည်းဖြစ်ချင်တယ်... မားက ဒါတွေကိုခွင့်မပြုဘူး.."
"ကိုယ်ပါးပါးက ဥပဒေအရာရှိတစ်ယောက်လေ... စည်းကမ်းကြီးတယ်... အကန့်အသတ်ဘောင်နဲ့ နေထိုင်ရတယ်... ကိုယ့်ကို သူ့လို ဥပဒေလောကဆီပဲ ဝင်စေချင်ခဲ့တာ..."
သူရှောင်းကျန့်ကို လှည့်ကြည့်လိုက်မိတယ်...
သူ့ကိုကြည့်မနေဘဲ လမ်းမပေါ်ကိုသာကြည့်နေတဲ့ မျက်ဝန်းတွေက တည်ငြိမ်လို့..."ကိုယ် ပါးပါးရဲ့ လွှမ်းမိုးမှုကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားခဲ့တယ်... ကိုယ်တက်ချင်တဲ့ဘာသာရပ်အတွက် ပါးပါးထောက်ပံ့မပေးတာမို့ ပြည်ပစကောလားရှစ်ဖြေပြီး သက်သေပြခဲ့ရတယ်... ကိုယ် ဒီအရာကို သိပ်စိတ်ဝင်စားပြီး ပျော်ရွှင်ရတယ် ဆိုတာကိုပေါ့..."
"အကိုက ဘာသင်ခဲ့တာလဲ.."
ရှောင်းကျန့်က သူ့ကို ပြန်လှည့်ကြည့်တယ်...
"Graphic designer... အသေးစိပ်ဖန်တီးမှုတွေ အများကြီးလုပ်ရတဲ့ အနုပညာပေါ့..."
"အဲ့တာဆို အကိုလည်း အနုပညာရှင်ပဲ..".
"ဒါပေါ့... "