Unicode;
"ကိုင်ကြည့်စမ်း... ငါ့လက်ကို..."
သူ့လက်ကို ရှေ့ကိုဆန့်လို့ ထိုးပေးတယ်..
ရှင်းယီနဲ့ ဟောက်ရွှမ်းက သူ့ကို ကြောင်တောင်တောင်ကြည့်နေကြတယ်..."ဒါမှမဟုတ်.."
သူခေါင်းငုံ့လို့ တိုးပေးပြန်တယ်...
"ငါ့ခေါင်းကို တစ်ချက်လောက် ထိုးဖွကြည့်.."
ရှေ့က နှစ်ကောင်က မလှုပ်မယှက် တောင့်တောင်ကြီး...
"ဝမ်ရိပေါ်... မင်း... ဘာဆေးတွေများ အစားမှားလာတာလဲ..."
"မင်းက မင်းခေါင်းကို တခြားသူထိတာကို သေမလိုမုန်းတဲ့ကောင်လေ... ငါတို့က ရူးနေလို့ ထိရမှာလား.."
"အခုရတယ်... လုပ်စမ်းပါ.."
ဟောက်ရွှမ်းက သူခေါင်းထိပ်ကို လက်ချောင်းတစ်ခုနဲ့ တစ်ချက်တို့တယ်...
"ရပြီလား.."
ရှင်းယီကတော့ ပုတ်လိုက်ရုံ...
"အဲ့လိုမဟုတ်ဘူး.."
သူ ဟောက်ရွှမ်းလက်ကို လက်ကောက်ဝတ်ကနေ ဆွဲပြီး သူ့ဆံပင်တွေကြားထဲ ထိုးထည့်ပြီးဖွလိုက်တယ်...
လက်အထိအတွေ့တွေက တောင့်တောင့်တင်းတင်းနဲ့ရယ်..."မဟုတ်သေးပါဘူး.."
နောက်တစ်ကြိမ်...
"မတူဘူး.."
ဟောက်ရွှမ်းလက်ကိုပစ်ချကာ ခေါင်းကိုပြန်မတ်လိုက်ပြီး ရှင်းယီလက်ကို လှမ်းဆွဲတယ်...
လက်ကောက်ဝတ်ကနေကိုင်ကြည့်တယ်...
လက်ဝါးချင်းထိကြည့်ခြင်းကတစ်မျိုး...
လက်ချောင်းတွေယှက်ပြီး ချိတ်ကြည့်ခြင်းတစ်ဖုံ...
လက်ဖမိုးကိုလည်း ထိကြည့်စေတယ်..."မဟုတ်ဘူး.. "
ဘယ်လိုမှ မခံစားရ...
တူကိုမတူဘူး...
စိတ်တိုင်းကျ စမ်းကြည့်ပြီးတဲ့နောက် လွတ်ပစ်ချလိုက်တယ်...
အချိန်အကြာကြီးပေါင်းလာတဲ့ သူငယ်ချင်းတွေမို့လို့လား..."ဟေ့ကောင် ယူသုံးပြီးရင်လည်း ရိုရိုသေသေပြန်ထားကွ..."
ရှင်းယီက လက်ကိုခါလို့ စောဒကတက်တယ်..