Unicode;
ဘယ်မှာလဲ သူတို့က...
မားဝယ်ခိုင်းတဲ့ဟင်းခတ်မှုန့်လား ဘာလား ကြုံရာယူလိုက်ပြီး သူ ရှာနေရတာက တစ်ခု..
ပြန်များထွက်သွားပြီလား...
အဲ့ဒီမိန်းကလေးဆိုတာ ရို့ယီးများလား...ကုန်တိုက်ထဲ တစ်တန်းဝင်တစ်တန်းထွက် ရှာရင်း သစ်သီးတန်းဘက်ရောက်တော့...
what!!
အဟုတ်ဗျာ..
ရှောင်းကျန့်က မိန်းကလေးတစ်ယောက်နဲ့...
"ကိုကို.. ဒီမှာကြည့်... ဒီတစ်ခုပိုလှတယ်.."
ဘာတဲ့... ကိုကို...
မဝေးတဲ့ စင်တစ်ခုနားမှာပဲ လူတစ်ယောက်နဲ့ကွယ်ပြီး ရပ်နေလိုက်တာမို့ သူတို့ပြောနေတဲ့အသံတွေပါကြားရတယ်...
ရှောင်းကျန့်က အဆိုပါမိန်းကလေး လက်ညိုးညွှန်တဲ့ အသီးကို ယူကြည့်တယ်...
ပြီးတော့ ခေါင်းတစ်ညိတ်ညိတ်လုပ်နေသေးတယ်..."ကောင်းသားပဲ.."
ပြီးတော့...
သူ့ရဲ့ နဖူးကြောတွေ တွန့်ရှုံ့သွားတယ်...
"ပြုံးနေတာလား ?!.."
ရှောင်းကျန့်ဘေးက မိန်းကလေးက မျက်လုံးဝိုင်းဝိုင်း အသားဖြူဖြူ နုတ်ခမ်းရဲရဲနဲ့ ချစ်စရာမျက်နှာနဲ့ရယ်...
ဟမ့်... လှတဲ့သူပါလား...
သူနဲ့ အသက်မတိမ်းမယိန်း အရွယ်လောက်ပဲထင်ရဲ့...
အသီးကို ခြင်းထဲထည့်လို့ အဲ့မိန်းကလေးက ရှောင်းကျန့်လက်မောင်းကို လှမ်းချိတ်လိုက်တာကို မြင်လိုက်ရတယ်...
ဘာလား... ဘာတွေလား...
နှစ်ယောက်သား နောက်တစ်နေရာကို ဆက်သွားလေတော့ သူ့ ခြေလှမ်းကပါလှမ်းလို့ လိုက်ကြည့်မိတာပဲ...
တစ်ခါ ရပ်လိုက်ပြီး စကားပြောနေကြပြန်ရော...
သူ့ခြေလှမ်းတွေ တုံ့ကနဲရပ်..ရှောင်းကျန့်က ရယ်နေတယ်...
ရယ်ပါတယ်.. ရယ်တယ်... ထပ်ရယ်တယ်...ဒါက များနေပြီမဟုတ်ဘူးလား...
ဒီလူက ဘာလို့ရယ်နေရတာလဲ...