Unicode;
"အင်း... ဒီနေ့တော့ အရာရာ အဆင်ပြေကောင်းပါရဲ့လေ... တက်ကြွတဲ့ ဝမ်ရိပေါ်လေး လန်းဆန်းစွာနိုးထရမှာပေါ့..."
မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ စိတ်ကောင်းနှလုံးကောင်းလေးမွေးပြီး အပြုံးလေးနဲ့ ထထိုင်လိုက်ပါတယ်။
စိတ်ကလေးချမ်းသာနေမှ လူလည်းနေထိုင်ကောင်းမယ်လေ..
လေကောင်းလေသန့်ရအောင် ပြတင်းပေါက်လေးဖွင့်..."အင်း... မနက်ခင်းလေးဟာ သာယာလှပ..... What the f***!!! "
ပြတင်းပေါက်ဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လန့်တောင်သွား...
ဘာလား...
အရင်ကလိုက်ကာအုပ်ထားတက်တဲ့ နေရာကြီးက အခုပွင့်လို့..
အကျီပန်းရောင်နဲ့ ယုန်သွားကြီးနဲ့ ဆံပင်ဂုတ်ထောက်နဲ့လူက ပြတင်းဘောင်ပေါ် မေးထောက်ပြီး လှမ်းပြုံးပြနေတယ်။သာယာတဲ့မနက်ခင်းလား...
"ဟင်းဟင်း.."
အလိုက်သင့် ပြန်ပြုံးပြလိုက်ပြီး တံခါးပြန်ပိတ်လိုက်တော့တာပဲ...
ရှောင်ရပါမယ်ဆို မျက်လုံးပွင့်ကတည်းက လာတွေ့နေတယ်။ဟူး...
"မား... သားကို ဆိုင်ကယ်ဘယ်တော့ဝယ်ပေးမှာလဲ..."
ဆိုင်ကယ်ရရင် သုံးမယ်ဆိုပြီး ခိုးဝယ်ထားတဲ့ ဦးထုတ်တွေကတော့ အဆင်သင့်ရှိနေပြီ။
ဆိုင်ကယ်နဲ့သာကျောင်းသွားရရင် ဟိုလူနဲဲ့တကူးတကဆုံစရာမလိုလောက်တော့ဘူးလေ...
Helmet ဆောင်းထားမှာဆိုတော့ မမြင်ဟန်ဆောင်လို့ရလောက်တယ်။မနက်စာပြင်ရင်း အလုပ်ရှုပ်နေတဲ့မိခင်က သူ့ကို မျက်မှောင်ကြုံ့လို့ လှမ်းကြည့်တယ်။
"အသက်ကဖြင့် မပြည့်သေးဘူး... စိတ်ကူးယဥ်မနေပဲ အထက်တန်းအောင်ပြီး တက္ကသိုလ်ပဲအရင်ရောက်အောင် လုပ်ပါဦး"
ဒီနေ့ရဲ့မနက်စာက အသားမပါတဲ့ တိုဖူးဆန်ခေါက်ဆွဲ...
ဒီတော့ စားရတာတို့တိတို့တိပေါ့..."သားက သေရေးရှင်ရေးအတွက် လိုနေတာဆိုရင်ရော.."
"သေရေးရှင်ရေးက အဲ့ဆိုင်ကယ်စီးမှ စိတ်ပူရမှာ... လောလောဆယ်က ဘာပြသာနာမှမရှာထားရင် ဘာသေရေးရှင်ရေးမှဖြစ်စရာမရှိဘူး သားလေး.."