2 . 6

364 71 8
                                    

Unicode;

ပိတ်ရက်....
စာလုပ်ရမှာပေမဲ့ စာကိုလုံးဝမကြည့်ချင်တဲ့ရက် ..
ဘာလုပ်ချင်မှန်းလည်းမသိ...
အိပ်ရာပေါ် စာအုပ်အထပ်လိုက်တင်ပြီး မျက်နှာကျက်ကိုငေးနေမိတယ်...
အာရုံက ဗလာကျင်းလျက်...

ရုပ်တရက်ကြီး ခေါက်ဆွဲဆိုင်မှာတုန်းက ရှောင်းကျန့်သူ့ကိုကြည့်နေတဲ့ပုံစံကို မျက်လုံးထဲ ပြန်မြင်ယောင်လာ...

အင်း... အဲ့လူကလေ...

ပြုံးလိုက်ရင် တော်တော်ကြည့်​ကောင်း...

ပြီးတော့ နွေးနွေးထွေးထွေးလည်းရှိ...

သူ လိုက်ပြုံးမိသလိုလို.....

ဘာလား...

ဆတ်ကနဲထထိုင်လိုက်တယ်...
ဘာတွေတွေးနေတာ... ခေါင်းကိုခါလိုက်ပြီး...

ပြတင်းပေါက်ကိုဖွင့်လို့ မျက်စောင်းထိုးအိမ်ကို လှမ်းကြည့်လိုက်တယ်...
တံခါးပေါက် ပိတ်ထားတာပဲ...

ရှောင်းကျန့်အိမ်သွားလည်ရင်ကောင်းမလား...
လာနုတ်ဆက်တာလို့ပြောရင်ကောင်းမလား...

မွေ့ယာပေါ် ပြန်လှဲချလိုက်တယ်။
ဒီအတောအတွင်း အဲ့ဒီအိမ်ကို သွားဖြစ်တာလည်းမဟုတ်...
ရှောင်းမားမားကို ခင်ပေမဲ့ ရှောင်းဦးလေးကြီးကို ကြောက်တယ်။
သူက ခပ်တည်တည်ကြီးနဲ့ အခေါ်အပြောလည်း သိပ်မလုပ်ဘူး...
ရှောင်းကျန့်တို့အိမ်က စည်းကမ်းတင်းကျပ်မယ်ထင်တယ်။

တီတီ.... ( 1 message)

ဖုန်းscreen လေး လင်းလာတယ်...

*အပြင်ထွက်ခဲ့... ×××ဆိုင်နား..*

စာပို့သူက ဟောက်ရွှမ်း...

*အိမ်ပြင်မထွက်ချင်ဘူး.. ပျင်းတယ်*

တီတီ..

*အခုထွက်လာရင် ဟော့ပေါ့စားခွင့်ရမယ်...*

ဟော့ပေါ့လား...

*မင်းကျွေးမှာမို့လား😏*

*ဒါပေါ့.. ရေမီးအစုံ အသင့်စားရုံ*

ဘာလား...
ကတ်စေးကုတ်ကောင် ဟောက်ရွှမ်းကလား...

သူစိတ်ဝင်တစား ထထိုင်လိုက်တယ်။
အပြင်မထွက်ချင်ပေမဲ့ ဟောက်ရွှမ်းကျွေးမှာဆိုတော့ စားရခဲတာမို့ သွားဖို့ဆုံးဖြတ်လိုက်တယ်။

Apple And OrangeWhere stories live. Discover now