December 31
ဒီဇင်ဘာ သုံးဆယ့်တစ်
ငါ့ရဲ့အချစ်က အချစ်စစ်
မင်းကိုချစ်မှာ ရာစုနှစ်*************
"မိလရေ..!"
"ခေါ်ပြန်ပြီ..!! အဲ့နာမည် မခေါ်ပါနဲ့ဘယ်လောက်ပြောပြော မရဘူး။ကိုကြီးဟိန်းထက်ကလေ မိကျောင်းမင်းရေးခင်းပြ မဟုတ်ဘဲ ကျွဲပါးစောင်းတီး ဖြစ်နေတာရောသိရဲ့လား.."
"မရဘူး.. နောက်နှစ်မှပြောင်းခေါ်တော့မယ်..."
"ဘာာ..... နောက်နှစ်ထိ စောင့်ရဦးမှာလား.."
လမင်းငယ် မျက်နှာငယ်လေးနှင့် ရေရွတ်ရင်းပြောသည်။
"အင်း.. နောက်နှစ်မှပြောင်းခေါ်မယ်..."
ဟိန်းထက်ပိုင် အတည်ပေါက်မျက်နှာနှင့် ပြောပြီး လမင်းငယ်အား ကြိတ်လှောင်မိသည်။သို့သော် ချစ်စနိုးဖြင့် လှောင်ပြောင်ခြင်းဖြစ်သည်။
"ဟာ..!! နောက်နှစ်ရောက်ဖို့ နာရီပိုင်းလိုတော့တာကို ငါ့နှယ့်.."
လမင်းငယ် ကိုယ့်နဖူးခေါ်ကိုယ် ပြန်ရိုက်လိုက်ပြီး ပြောသည်။ကိုယ့်နဖူးကိုယ်ပြန်ရိုက်နေသည့် ညီမငယ်အား နေလင်းပိုင်ကြည့်ပြီး ပြုံးလိုက်သည်။
"ပိုင်.."
"ဟိန်းထက်.."
"နှစ်ကူးဖို့ နာရီဝက်ပဲ လိုတော့တယ်နော်.."
"အေး အဲဒါဘာဖြစ်လို့လဲ.."
"ငါ... နောင်တတွေကို နောက်နှစ်ထိမသယ်သွားချင်ဘူး..."
"....."
"ငါ..."
နေလင်းပိုင် သူ့လက်ညိုးကို ဟိန်းထက်ပိုင်၏နှုတ်ခမ်းဖျားဆီ တင်လိုက်သည်။
"မင်းရဲ့ နောင်တတွေကို ငါတို့ G-12 ပြီးတဲ့အထိ သယ်သွားလိုက်ဦး။အထက်တန်းပြီးမှ ငါဖြေချင်တယ်.."
"ဒါဆို..."
"အင်း ငါစဉ်းစားဦးမယ်ပြောတာ.."
"သိရဲ့သားနဲ့များ.. ဘာလို့ခဏခဏ ငါပြောမှာကို တားနေတာလဲ..!"
ဟိန်းထက်ပိုင် လျှို့ဝှက်သော၊ခန့်မှန်းရခက်သော၊နားမလည်နိုင်သော မျက်ဝန်းများဖြင့် နေလင်းပိုင်အားကြည့်လိုက်သည်။နေလင်းပိုင်က တကယ်ကိုနားလည်ရခက်သည်။ကြိုးထုံးတစ်ခုလို ရှင်းဖို့ကြိုးစားလေလေ ကြိုးတွေက ရှုပ်လေလေဖြစ်နေပြီး နေလင်းပိုင်ရဲ့ ခံစားချက်တွေကို ဟိန်းထက်ပိုင်ခံစားကြည့်ဖို့ ကြိုးစားလေလေ နက်နဲတဲ့ သမုဒ္ဒရာအောက်ခင်းကြမ်းပြင်ကို ရောက်သွားသလို၊မှောင်မဲပြီး မြင်ရခက်သည်။
YOU ARE READING
ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်