Mixed-up
"ဟဲ့ တကယ်ပါဆို.. ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ.."
"ဟုတ်ပါ့မလားဟယ် ငါတို့ကျောင်းမှာ အဲလိုမျိုးဘယ်လိုလုပ်ရှိနိုင်မှာလဲ.. သူငယ်ချင်းဖြစ်မှာပါ.."
"သူငယ်ဂျင်းပါဟာ.."
"နင့်ဘက်က သူတို့ကိုတွဲစေချင်လွန်းလို့ အဲလိုမြင်နေတာဆိုရင် ဘယ်နှယ့်လုပ်.."
တစ်ဖက်မှ မိန်းကလေးကလည်း အားကျမခံ။သူ့အထင်ကို ပြောသည်။
"အေး..အဲဒါလည်းဟုတ်တယ်နော်.."
တစ်ခြားမိန်းကလေးမှလည်း ထောက်ခံသည်။
"သော့ချိတ်တောင် couple လေဟာ.."
"အဲဒါငါတို့လည်း ထားတာပဲ.."
"မတူဘူးဟ.."
"သူတို့ပုံလေးတွေက မဖြစ်နိုင်ပါဘူးဟာ.."
"ကျားကိုးစီး စားမကုန်တဲ့ခန္ဓာကိုယ်နဲ့ လူတွေတောင် gay နေတာ အများကြီး ...!"
"...."
"ပြီးတော့ gay ဆိုတာ ယောက်ျားလေးက သူနဲ့မျိုးတူ ယောက်ျားလေးတစ်ယောက်ကို ချစ်မိသွားတာ..."
"...."
"နင်ထင်သလို မဟုတ်ဘူး..!"
"အေးပါ ငါနည်းနည်းအတွေးတိမ်သွားတယ်.."
"တကယ်ဆိုရင်တော့ ဝမ်းသာစရာပေါ့.."
ထောက်ခံသည့်မိန်းကလေးမှ ပြုံးဖြီးကာပြောလေသည်။
"ဘာပဲဖြစ်ဖြစ်ဟာ! သေချာတယ်..! အဲ့နှစ်ယောက် တစ်ချိန်မဟုတ်တစ်ချိန် ငြိကိုငြိမှာ.. မငြိလည်း ငြိအောင် လုပ်ပေးမှာ ဟိဟိ..!"
ထိုမိန်းကလေးမှ လက်နှစ်ဖက်ကိုယှက်ရင်း ကြည်နူးနေသည့်ပုံဖြင့်။
"Hoo~"
ပြောမရသူကြောင့် သက်ပြင်းသာချလိုက်ရသည်။သူမလည်း ထိုသို့ဖြစ်စေချင်ပါသည်။
ထိုကိစ္စမှာ ကျောင်းရှိ မိန်းကလေးတို့ကြားတွင် အကျယ်တဝင့်ဖြစ်နေသည်။အထူးသဖြင့် Fujoshi တို့ကြားတွင်ဖြစ်သည်။
***************
ဆောင်းလေအေး၏တိုက်ခိုက်မှုကြား ရုန်းကန်နေရသည့်သူ။လေအေးတို့၏ အရိုင်းဆန်ဆန်တိုက်ခတ်မှုကြောင့် ရဲနီနေသော နှာဖျားအား အိတ်ကပ်ထဲထည့်ထားတာကြောင့် နွေးနေသည့် လက်ဖြင့်တို့ထိလိုက်သည်။
YOU ARE READING
ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်