စုံညီပွဲတော်
အဖြူအစိမ်းဝတ်ကျောင်းသားများသည် စာသင်ခန်းထဲတွင် မရှိကြပေ။ကျောင်းဝန်းထဲ၌သာ ပျားပန်းခတ်မျှ လှုပ်ရှာနေကြသည်။ထိုသို့ လုပ်လို့ရသည့်နေ့သည်ကား စုံညီပွဲတော် နေ့ပေတည်း။
ဟိန်းထက်ပိုင်သည် နေရထိုင်ရခက်နေသည်။သူမျက်နှာပေါ်တင်ထားသည့် မျက်နှာချေမှုန့်ခပ်ထူထူနဲ့ မျက်တောင်အတုတို့ကြောင့် မျက်ခွံသည်လေးလံလာသည်။သူသည် ယောက်ျားလေးတစ်ယောက်ဖြစ်၍ မိန်းကလေးကဲ့သို့ ပြင်ဖို့ရန်မှာ အချိန်အားဖြင့် ကြာမြင့်လှသည်။မနက်လေးနာရီထိုးကတည်းက ထရပြီး အလှပြင်ဆိုင်သွားရသည်။ထို့အပြင် နဂိုထက်အနည်းငယ်ဖောင်းနေသော ရင်ဘတ်ကြောင့် ရှက်မိသယောင်။မိန်းကလေးတွေ ဝတ်သော အတွင်းခံက ဖော့ပါတာကြောင့် သက်သက်အတုတပ်စရာမလိုပေ။သို့ပေမဲ့ အနည်းငယ်တော့ ထူးဆန်းနေသည်။ဝတ်ထားသည်က အငြိမ့်မင်းသမီးဝတ်စုံဖြစ်သဖြင့် လုံချည်က ထိုင်မသိမ်းဖြစ်တာကြောင့် သွားရလာရ မလွယ်ကူလှပေ။လုံချည်သည် အတော်လှပေသည်။ဆင်စွယ်ရောင်အောက်ခံဖြင့် အပေါ်ထပ်တွင် ရွှေချည်များထိုးထားသည်။အပေါ်အင်္ကျီသည်လည်း ထမီနှင့်ဆင်တူ အရောင်ဖြစ်သည်။ဟိန်းထက်ပိုင်က ယခုတွင်မိန်းကလေးတစ်ယောက်ကဲ့သို့ လှနေခြင်းမဟုတ်ပေမဲ့ သူ့ဟာနှင့်သူ လှပါသည်။သို့ပေသိ မကျေနပ်ပါ။
ဟိန်းထက်ပိုင် ထိုကဲ့သို့ မကျေမနပ်ဖြစ်ကာ နေရထိုင်ရကျပ်နေချိန်တွင် နေလင်းပိုင်ကတော့..
"နေလင်းပိုင်..! ငါတို့နဲ့ ဓာတ်ပုံအတူရိုက်ပေးပါလား.. တစ်ပုံတည်းပါဟာ..!"
နေလင်းပိုင်သည် စိတ်ရှုန်ဟန်ပြသော်ငြား တတ်ကြွလွန်းသည့် မိန်းကလေးတစ်သိုက်ကြောင့် ကိုယ်ဟန်ဖို့ကာ ဝင်ရောရသည်။
ဟိန်းထက်ပိုင်သည် နေလင်းပိုင်ကို အငေးကြီးငေးမိတော့ သူ့ကိုယ်သူ သနားရသလို နေလင်းပိုင်ပေါ်၌လည်း အချစ်ပိုရပြန်ပါသည်။နေလင်းပိုင်သည်ကား ရှပ်လက်ရှည်အဖြူကိုဝတ်ထားပြီး အင်္ကျီခါးစကို ပုဆိုးထဲထည့်ထားသည်။ပုဆိုးသည်ကား လူရွှင်တော်တွေ ဝတ်သည့်ပုံစံအတိုင်း မဝတ်ထားရပါ။ရိုးရိုး ပုဆိုးပုံစံသာဖြစ်ပြီး ကနေရင်းကျွတ်ကျမည်စိုး၍ ကလေးတွေပုဆိုးဝတ်ရင်ခါးပက်ပက်သလို သူလည်း ခါးပတ်နှင့်။ပုဆိုးအရောင်မှာ အညိုရင့်ရောင်ကွက်ကျဲဖြစ်သည်။ခါးပက်ကတော့ ရိုးရိုးရှင်းရှင်း အမဲရောင်ဖြစ်သည်။ထိုမှမက အပေါ်ထပ်အဖြစ် သနပ်ခါးရောင် တိုက်ပုံအင်္ကျီလည်း ဝတ်ထားရသေးကာ လူရွှင်တော်တွေလို လည်စည်းပဝါကို ခေါင်းတွင်ပက်ရမည်ဖြစ်သော်ငြား ကခါနီးအချိန်မှ ခေါင်းပေါင်းပေးမည်ပြောသည်။ထို့အတွက် ပဝါကို မပက်ထားဘဲ ဂုတ်တွင်သာ လွှားထားရသည်။ထို့ကြောင့် ယခုနေလင်းပိုင်၏ ပုံစံသည် မြို့အုပ်မင်းနှင့် တူလှသည်။ထို့ကြောင့် မိန်းကလေးတွေ တအုံအုံဖြစ်နေသည်မှာ မထူးဆန်းတော့ချေ။
YOU ARE READING
ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်