မေတ္တာသွန်းလောင်း ဟေမန်ဆောင်း
အေးမြလတ်ဆတ်သော လေညှင်းတို့တိုက်ခတ်သည့် ရာသီ။အေးချမ်းလှသည့် ဆောင်းဟေမန် နံနက်ခင်းတွင် ကောင်းကင်ထက်ဆီမှ နှင်းခဲကလေးတို့သည် ဝေဟင်ကိုဖြတ်သန်းရင်း အရည်ပျော်ကာ နှင်းရည်၊နှင်းစက်တို့အဖြစ် မြေပြင်ပေါ်သို့ သက်ဆင်းလာသည်။နှင်းရည်စက်တို့မြေပြင်ပေါ်သို့ထိတွေ့သံ တဖြောက်ဖြောက်၊ပန်းလေးတို့၏ မွှေးရနံ့သင်းပျံ့မှုတို့က ပနံသင့်နေသည်။
ဟိန်းထက်ပိုင် နေရောင်ခြည်နွေးနွေးအားထိတွေ့လိုက်ပြီး ပွင့်ဖက်တွင် နှင်းရည်စက်တင်နေသော ပန်းကလေးတို့အား အသာအယာ မွှေးကြူလိုက်သည်။
ထို့နောက် ဟိုဘက်ခြံထဲသို့ လှမ်းကြည့်မိသည်။သို့သော် မြူမှုန်များကြောင့် ကောင်းကောင်းမမြင်ရ။ဝိုးတဝါးသာ။ကိစ္စမရှိပါ။မြူတွေမရှိတော့တဲ့အချိန်ရောက်မှ နေလင်းပိုင်ထမယ်ဆိုတာ ကြိုသိနေ၍လေ။
လက်နှစ်ဖက်အား အာငွေ့ပေးလိုက်ပြီး ပွတ်သပ်လိုက်သည်။ရန်ကုန် ဆောင်းတွင်း၏ ချမ်းစီးမှုက အရိုးခိုက်အောင် အေးလှသည်မဟုတ်။သို့ပေသိ အညာသွေး အနည်းငယ်ပါသော အအေးမကြိုက်သော ဟိန်းထက်ပိုင်အတွက်တော့ ထိုသို့မဟုတ်။အနွေးထည်ခပ်ထူထူဝတ်ပြီး သွေးပူလိုပူငြား ခုန်ပေါက်နေလိုက်သည်။
ခဏအကြာ အိမ်ထဲကနေ အိပ်မှုန်စုံဝါးဖြင့် ထလာသည့်နေလင်းပိုင်။မျက်လုံးတွေကို ခပ်ကျဉ်းကျဉ်းမှေးမှိတ်ထားပြီး သူ့ကို ကြောင်စီစီနှင့်ကြည့်နေသည်။ချမ်းသည်ထင်ပါရဲ့ လက်နှစ်ဖက်ကိုပိုက်လိုက်ပြီး ကိုယ်လေးက တစ်ချက်တွန့်သွားသည်။ဝတ်ထားသည်ကလည်း OGGY cartoon ပုံပါသည့် jj ဘောင်းဘီရှည်နှင့် Shin-chan တီရှပ်လက်တိုလေးဖြစ်သည်။ဝတ်ထားပုံက ကလေးဆန်လှသည်။
ဒီလောက်အေးနေတာ အနွေးထည်လည်း မဝတ်ထားဘူး ဟုတွေးမိကာ ဟိန်းထက်ပိုင် အိမ်ပေါ်တက်လိုက်သည်။
ထို့နောက် ခေါင်းစွပ်ပါသည့် အဝါရောင်ဟူဒီတစ်ထည်က သူ့လက်ထဲပါလာပြီး နေလင်းပိုင်တို့ခြံဘက်သို့ ကူးပြောင်းလာသည်။
ထို့နောက် ဟူဒီကို နေလင်းပိုင်အား ကိုယ်တိုင်ကိုယ်ကျဝတ်ပေးလိုက်သည်။
YOU ARE READING
ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်