အပိုင်း ဆယ့်လေး

10 1 0
                                    

Friend Zone

"ငါတို့ဒီတိုင်း သူငယ်ချင်းအနေနဲ့ပဲ နေသွားလို့မရဘူးလား..."

ဟိန်းထက်ပိုင် ကြားလိုက်ရသည့်စကားကြောင့် ရင်ထဲတွင်အမည်မသိခံစားချက်တို့က အဆက်မပြတ် တိုးဝင်လာသည်။

"ဘာလို့လဲ.."

ဟုတ်သည်။အကြောင်းပြချက်တော့ သိအောင် မေးရမည်ပဲလေ။

"ငါ..ဒီတိုင်း...."

"မင်းငါ့ကို မချစ်ဘူးလား..!!"

နေလင်းပိုင် စကားမဆုံးခင်မှာတွင် ဟိန်းထက်ပိုင် ဖြတ်မေးလိုက်သည်။

"ငါ..."

"ငါတော့ မင်းကို ချစ်တယ်ပိုင်..။ဒါပေမဲ့ မင်းက..မချစ်ဘူးဆိုတော့လည်း..ငါ ဖိအားမပေးတော့ပါဘူး.."

'ချစ်တယ်..'

ဒီတစ်ခါပြောလိုက်တဲ့စကားထဲမှာ မဆုံးရှုံးချင်တဲ့ ဆန္ဒတွေအများကြီးပါတယ်..။

မင်းကိုဆုံးရှုံးရမှာ ငါကြောက်တယ်..။
ဒါပေမဲ့ ငါ့ဆီမှာမင်း မပျော်မှာ ငါကြောက်တယ်..။

နီးသည်..။ဝေးသည်..။
ဖြစ်နိုင်သည်..။မဖြစ်နိုင်သည်..မတွေးတော့ပါ..။

မင်းရှိနေတယ်ဆိုတဲ့ ခံစားချက်နွေးနွေးလေးက ဆက်ချစ်ဖို့လုံလောက်နေပြီ။

ရွေးချယ်ပြီးသားမို့ အပြစ်တွေရှိလည်း မငြိုငြင်တော့ဘူး။
အသစ်တွေရှိလည်း မလိုချင်တော့ဘူး။

မငြီးငွေ့နိုင်ရအောင် သဘောကျရတယ်။
ရင်‌ပတ်နှောင်တွယ်တာမိသမျှကြိုးတွေထဲ မဖြတ်ချချင်တဲ့ သက်ရှိကြိုးလေးဟာ "မင်း"ပါပဲ..။

ဒါကြောင့် မင်းငါ့ကို ချစ်သူတစ်ယောက်အနေနဲ့ ပြန်မချစ်ပေးနိုင်ရင်တောင်မှ ရပါတယ်..။မင်းကငါမြတ်နိုးရတဲ့ သက်ရှိလေး... ငါကတော့ မင်းကို မြတ်နိုးဆဲ..။ချစ်ဆဲပါပဲ..။

"ငါ စိတ်အဆင်မပြေလို့ မင်းနေခဲ့လို့ရမလား..ပိုင်.."

သူ့ခံစားချက်တို့က ဒီရေအလား ရုတ်ခြည်း နိမ့်ဆင်းသွားတာမို့ အဆင်မပြေတော့ပါ။သူ့စိတ်ကို အဆင်မပြေအောင် လုပ်တဲ့တရားခံကိုလည်း အရေးမယူချင်ပါဘူး။သူကိုယ်တိုင်က စိတ်ရှိလက်ရှိ အပြုစားခံချင်နေတာမို့။

You've reached the end of published parts.

⏰ Last updated: Feb 08 ⏰

Add this story to your Library to get notified about new parts!

ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်Where stories live. Discover now