အပိုင်း ကိုး

34 0 0
                                    

Birthday Present

ဟိန်းထက်ပိုင် သူ့အခန်းထဲက ထွက်မလာတာ အတော်ကြာပြီဖြစ်သည်။ဟိန်းထက်ပိုင်၏ အာရုံအလုံးစုံတို့သည် သူ့လက်ထဲက ပစ္စည်းပေါ်၌သာ။မနက်ဖြန်ဆို သူချစ်ရသည့် နေလင်းပိုင်၏မွေးနေ့ရောက်ပြီဖြစ်သည်။

သူ နေလင်းပိုင်အား ဘာပေးရမလဲ တော်တော်စဉ်းစားယူရသည်။သူဘာကြိုက်တတ်လည်း သိပေမဲ့ တန်ဖိုးထားရသူကို သူအမြတ်တနိုး လက်ဆောင်ပေးချင်သည့် အတ္တကရှိသေးသည်။ယမန်နှစ်တွေတုန်းကတော့ ဘာရယ်မဟုတ် သူ့အတွက်လိုအပ်သည့်လက်ဆောင်တို့နှင့်သာပြီးဆုံးသွားတတ်သည်။ဒီနှစ်ကတော့ မတူတော့။သူငယ်ချင်းတစ်ယောက်အနေနဲ့ လက်ဆောင်ပေးတာမှမဟုတ်တာ။ဒီနှစ်မှာတော့ သူပေးသည့်လက်ဆောင်လေးက အမှတ်တရတစ်ခုအနေနှင့်တော့ ကျန်ရှိစေချင်သည်။

လက်ဆောင်အား အလှစက္ကူနှင့်သေချာထုပ်ပိုးသည်။အရောင်က နေလင်းပိုင်ကြိုက်သည့် အဝါရောင်စက္ကူလေးဖြစ်သည်။ဟိန်းထက်ပိုင် လျှာလေးအနည်းငယ်ထုတ်ထားပြီး ပါကင်ထုတ်ခြင်းအား အလေးအနက်လုပ်နေသည်။

"အာ့..!"

သူ၏လက်ညိုးထိပ်က ထွက်လာတဲ့သွေးတွေကိုစားပွဲပေါ်တင်ထားသည့် တစ်ရှူးနှင့်အလျင်အမြန်သုတ်လိုက်သည်။မဟုတ်ရင် အဝါရောင်နုနုလေးကို သွေးစွန်းသွားခါမှ။

သွေးနီရဲရဲတွေက တစ်ရှူးစအဖြူရောင်ပေါ် ခဏလေးအတွင်း စွန်းထင်းသွားခဲ့သည်။သူ့လက်ကို ထိခိုက်အောင်လုပ်သည့် စာရွက်အား ဘုကြည့်ကြည့်ပေးလိုက်သည်။

အဝါရောင်စက္ကူနှင့်ထုတ်ထားသည့် လက်ဆောင်ထုပ်ကလေးအား အံဆွဲထဲထည့်ထားလိုက်သည်။ပေးတာကတော့ ကျောင်းကပြန်လာတော့မှပဲ ပေးတော့မည်ဟု တွေးထားလိုက်သည်။

ထို့နောက် နံရံ‌ကပ်မှန်ပေါ်က သူ့ပုံရိပ်အား စိုက်ကြည့်နေလိုက်သည်။

"တယ်ချောတဲ့ငါလေး.. ငါ့မှပြန်မကြိုက်ရင် ဘယ်သူ့ပြန်ကြိုက်ရမှာလဲ နော့..."

တစ်ယောက်တည်း စကားတွေပြောမိနေသည်။ဒီနေ့မှာလည်း သူဖွင့်ပြောဖို့စီစဉ်ထားသည်။အရင်တုန်းက အိပ်ချင်ယောင်ဆောင်နေသူကြောင့် သူခဏခဏအရေးနိမ့်ခဲ့ရသည်။နေလင်းပိုင်သာ သူ့ကိုချစ်တယ်လို့ အဖြေပြန်ပေးရင် အို အတွေးနဲ့တောင် ကြည်နူးလွန်းနေရပြီ။

ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်Where stories live. Discover now