Special

100 4 0
                                    

Sugar Heart

"ပိုင်.!ခွေးကောင်.. သွားကြမယ်ဟ..!"

"အေး လာပြီလို့.. စောက်ရူးရဲ့! အဲ့လောက်အော်မနေနဲ့.."

ဒီနေ့တွင် ဟိန်းထက်ပိုင်သူငယ်ချင်းတွေ စုပြီးတော့ မြန်မာနိုင်ငံရဲ့ရေဘေးသင့်နေရာတစ်ချို့ကို လုပ်အားသွားပေးကြမည်ဖြစ်သည်။

"ကိုယ်တော်ချောရယ် ကြာတာမှ.."

"ရှင်ဘုရင်တစ်ခါကြွ ပဲကြီးတစ်လှေချက်တဲ့ မကြားဘူးလား.."

တကယ်တမ်းတော့ နေလင်းပိုင်ကြာနေခြင်းမဟုတ်။ဟိန်းထက်ပိုင် လောနေခြင်းသာ။

"ဟိုကောင်တွေကလည်း မလာသေးဘူးလားမသိဘူး.."

ဟိန်းထက်ပိုင်ဖုန်းထုတ်ကာ ခေါ်လိုက်သည်။တူ ဆိုသည့် ဖုန်းဝင်သံကြားပြီးနောက်မှာ တစ်ဖက်လူမှ ဖုန်းကိုင်လိုက်သည်။

"ဟေ့ကောင် ဖြိုးဇော်.. မလာသေးဘူးလား!"

"....."

"ဘာ! အတူသွားမယ်ပြောထားတာကို.."

"....."

"ထားပါတော့ အဲ့နေရာပဲမှတ်လား..."

"....."

"အော လာခဲ့မယ်!"

"....."

"သွားနှင့်လိုက်ကြပြီတဲ့ မင်းနဲ့ငါနဲ့နှစ်ယောက်တည်းသွားကြတာပေါ့!"

ရေဘေးသင့်ပြည်သူများကို  ကူသွားရန်နေရာကို အရင်ဆုံး ဆိုင်ကယ်နှင့်သွားမည်ဖြစ်သည်။ထိုမှတစ်ဆင့် ကယ်ဆယ်ရေးလူကြီးများနှင့် ကားအတူစီးကာ လှေနှင့် ထမင်းဘူး၊ဆန်အိတ်၊ခေါက်ဆွဲခြောက်ဘူးများ ဝေမည်ဖြစ်သည်။

"သားတို့ သတိထားကြနော် မေကြီးတို့လည်း ဒီက ဆုတောင်းပေးမယ်!"

"ဟုတ်.."

"သွားတော့မယ်ဗျ..."

"ကိုကြီးတို့ သတိထားသွားကြနော်..."

လမင်းငယ်မှ ငိုမဲ့မဲ့ပြောလာတော့ စိတ်မကောင်းဖြစ်ရသည်။ဒီကလေးမ သူတို့နောက်လိုက်ချင်နေသည်ကို လူကြီးတွေကစိတ်မချလို့ မထည့်တာရော၊သူတို့ကပါ မခေါ်ချင်တာကြောင့် ထားခဲ့ရခြင်းဖြစ်သည်။မိန်းကလေးဖြစ်တဲ့အပြင် ဒီလိုမျိုး ကယ်ဆယ်ရေးတွေမှာ အတွေ့အကြုံမရှိသူကို ခေါ်ဖို့ဆိုတာမဖြစ်နိုင်။မိန်းကလေးဖြစ်လို့ အားနည်းလို့မခေါ်တာဆိုတာထက် သူတို့ချစ်ရသူဖြစ်တာကြောင့် အခြားသူတွေထက် ပိုတိုး၍စိတ်ပူရခြင်းကြောင့်သာ။

ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်Where stories live. Discover now