Step by step
"အဲလိုမဟုတ်ဘူးလေ.!! ဒီလို .."
"ဟဲ့ လှုပ်ပါဦးဟ..!"
"လက်ကိုဒီလိုချိုးရမှာလေ.."
"ဟာ.. အဲလိုမဟုတ်ဘူးလို့ ဒီလိုလုပ်ရမှာ...!"
"လက်ပလေးကို ဒီလိုကွေးပြီး ဒီလိုချိုးရမှာ နင်လုပ်နေတာ ဟုတ်ကိုမဟုတ်ဘူး..!"
"အားး!! စိတ်တိုလာပြီ.. ဟိုလိုကတော့လည်းမဟုတ်ဘူး..! ဒီလိုကတော့လည်းမဟုတ်ဘူးနဲ့ စိတ်ကုန်လာပြီတကယ်!!"
ဟိန်းထက်ပိုင် ဒေါသထွက်လွန်းလို့သာ အော်ပစ်ရသည်။သူလည်း မိန်းကလေးတစ်ယောက်ကို ဘယ်အော်ချင်ပါ့မလဲ။
"ဆရာအာခံ အာခေါင်လှံစူးတဲ့။အိုးကောင်းရချင်ရင် နာနာဖုတ်ရတဲ့ဟဲ့!"
သူသိသမျှ စကားပုံတွေ လွှတ်ပြောနေသလားမသိ။ဟိန်းထက်ပိုင်ပါ သူနဲ့စကားလုပြိုင်ပြောနိုင်တဲ့သူမရှိသေးဘူး။ဘယ်ရမလဲ။
"ဆရာကောင်းမှ တပည့်ကောင်းမှာပေါ့။တတ်အောင်သင်ရမှာပေါ့ မတတ်သေးတာကို သေချာသင်ပေးပေါ့ဟ!"
"ငါသင်ပေးနေတယ်လေ သားလေးရဲ့!။အမေကို စော်ကား ငရဲအိုးချိုးကပ်မယ့်ကောင်!! ချိုးကပ်ရင်တောင် ဆီထမင်းလိုစားကောင်းမှာမဟုတ်ဘူး..! အတူးလွန်ပြီး ခါးနေလို့!!"
အဲဒါတွေ..။အဲဒါတွေကြောင့် ဟိန်းထက်ပိုင် ဒေါသထွက်ခြင်းဖြစ်သည်။အသက်က မတိမ်းမယိမ်းကို သူ့ကို သား သားနှင့်။ကိုယ့်ကိုယ်ကိုယ် အမေဟုလည်း နာမ်စားသုံးသေးသည်။
နေလင်းပိုင်ကို လှမ်းကြည့်လိုက်တော့ သူလည်းထို့အတူ။စိတ်ပျက်နေသည်လား ဒေါသထွက်နေခြင်းလား မသေချာသည့် မျက်နှာထားနှင့်ဖြစ်သည်။
"ကဲ..! ဘယ်မှအထွန့်တက်ဖို့ စိတ်မကူးနဲ့..! စမယ် ပြန်ပြီး..!"
ဟင်း!!
သက်ပြင်းတို့သာ အထပ်ထပ်ချရင်း ကိုယ်မကချင်သည့်ဇာတ်အား နိုင်အောင် ကပြရတော့မည်။
____________
လေညင်းတို့၏ ပြေပြေလေးတိုက်ခတ်မှုဖြင့် ဆောင်း၏ မနက်ခင်းက အေးလည်းမအေးလွန်း။ပူလည်း မပူလွန်းဖြင့် သာယာလှသည်။
YOU ARE READING
ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်