ဒီရက်တွေမှာ မိုးက မကြာခဏရွာသည်။
ရစ်ခီရော သူရောဟာ မိုးရွာတာကို မကြိုက်နှစ်သက်။
စတိုင်ထုတ်ချင်တဲ့ ကြောင်ပေါက်လေးကတော့
မိုးရွာရင် စတိုင်ပဲ့တယ်လို့ ဂယူဗင်းကို
တစ်ခေါက်ပြောဖူးသည်။စတိုင်သာမပဲ့ရင်
ရစ်ခီက မိုးရွာတာကို သဘောနိုင်ချေရှိ၏။
ဂယူဗင်းကတော့ မိုးရေချိုးရတာကို
ငယ်ငယ်ကကြိုက်ဖူးသည်။ အခုတော့များ
မိုးရွာရင်ကို မိုးမင်းကြီးကို ကျိန်ဆဲချင်၏။
အရင်နှစ် မိုးတွင်းတုန်းက ရစ်ခီတစ်ခေါက်ချော်လဲဖူးသည်။ အဲကတည်းက မကျေနပ်စိတ်သည်
မိုးရွာတိုင်း တနုံ့နုံ့ အခုထိအခဲမကျေနိုင်သေး။
နှပ်နေပြီဖြစ်တဲ့ ကော်ဖီကို သုံး၊လေးကြိမ်
ထပ်မွှေလိုက်ပြီး အခန်းထဲကိုသာ ယူလာလိုက်သည်။ မိုးအေးပါတယ်ဆိုမှ ရေချိုးတတ်သည့်
အသန့်ကြိုက်လေးကိုလည်း သူ မနိုင်လို့လွှတ်ထားရသေးသည်။ ရေကျသံကိုနားထောင်ပြီး
စိတ်ကူးနဲ့ရူးတတ်တဲ့လူစားထဲ သူ,မပါရာ
ဘေးက ဖုန်းကိုသာဆွဲယူပြီး
ရစ်ခီထွက်အလာကိုစောင့်ရသည်။
ဂယူဗင်းလက်ထဲက ဖုန်းသည် ဘေးကခေါင်းအုံးပေါ် မငြင်မသာပစ်ကျသွားပြီး ရေဆေးပြီးကာစ
စတော်ဘယ်ရီလုံးလေးကတော့ သူ့
ရင်ခွင်ထဲ၀င်လှဲသည်။ရေစက်တွေတင်ကျန်နေသည့် ဆံနွယ်တွေကြောင့် ဂယူဗင်း အင်္ကျီမှာ
ရင်ဘတ်နဲ့ကပ်လုနီးပါးဖြစ်နေသည်။
"ခေါင်းပါလျှော်ခဲ့တာလား"
"အင်း"
"မိုးရွာနေပါတယ်ဆိုမှ မင်းကခေါင်းလျှော်နိုင်သေးတယ်၊ခေါင်းလည်း စင်အောင်မသုတ်ဘူး"
ဆံနွယ်နုနုလေးတွေကို လက်ထဲဆုပ်ကိုင်ရင်း
ဂယူဗင်းအလိုမကျစိတ်က ထိန်းမရ။ရစ်ခီက
ကိုယ့်ကိုကိုယ်ဂရုစိုက်လေ့စိုက်ထမရှိ။အဲတာနဲ့ပဲ အထိန်းကွပ်မဲ့နေလားဆိုတော့လည်း မဟုတ်ပြန်။
"ဆေးတွေဆံပင်ကိုပေသွားလို့"
လျှောကျလုနီးပါးဖြစ်နေတဲ့ ရစ်ခီ ခန္ဓာကိုယ်လေးကို ခါးကနေပင့်ချီကာ သူ့ရင်ခွင်ထဲနေရာတကျ
ဖြစ်အောင် ပြန်စီမံရသည်။ အမှတ်မထင်ပေါ်လာတဲ့ ပေါင်သားဖွေးဖွေးလေးတွေကိုမြင်တော့
ဂယူဗင်း ချောင်းဟန့်ကာ မျက်နှာလွှဲမိသည်။
