အပိုင်း (၂၃၆) အရံဇာတ်ကောင်များ၏ ရှင်သန်နေထိုင်ခြင်း (ချီယယ်)
ချီယယ်သည် ရုံးထဲသို့ နွမ်းနယ်စွာ ဝင်လာလေသည်။ သူ့တစ်ကိုယ်လုံးသည် စုတ်ပြတ်သတ်နေကာ သူ့လက်မောင်းများတွင် ပြတ်ရှရာများနှင့် လက်သည်းရာများ ဖြင့် သွေးများထွက်နေကာ သူ့မျက်နှာတွင် သွေးများ ပေကျံနေလေသည်။
ချီယယ်သည် တိတ်ဆိတ်စွာဖြင့် သူ၏ ဒဏ်ရာရနေသော ခြေထောက်ကို တရွတ်ဆွဲ၍ ဝင်လာသည်။ ရုံးထဲတွင် လူတစ်ယောက်ထဲသာ ရှိလေသည်။ သူသည် လုယုံရိစားပွဲပေါ်သို့ လက်ထဲမှ ဘူးကို ပစ်တင်လိုက်သည်။ ထိုအချိန်တွင် စားပွဲပေါ်မှောက်၍ အိပ်ပျော်နေသော လုယုံရိသည် လန့်နိုးသွားပြီး နိုးလာသောအခါ တစ်ကိုယ်လုံး ဒဏ်ရာအပြည့်နှင့် ချီယယ်ကို မြင်လိုက်ရသောကြောင့် ပိုလန့်သွားခဲ့သည်။
"လခွမ်း မင်း ဘာဖြစ်လာတာလဲ"
ချီယယ်သည် ဝိတ်အတော်ကျသွားပြီး တစ်ချိန်က လင်းလက်တောက်ပခဲ့သော မျက်ဝန်းတစ်စုံသည် အေးစက်ပြီး တိတ်ဆိတ် မှုန်မှိုင်းလာလေသည်။
သူသည် မထိန်းနိုင်စွာ ချီယယ်တစ်ကိုယ်လုံးကို ကြည့်လိုက်သည်။ ချီယယ်၏ ညာဘက်ခြေထောက်သည် သွေးများရွှဲနစ်နေကာ တရွတ်ဆွဲနေပြီး သူ့ဘောင်းဘီအရောင်ကြောင့် သွေးများကို မမြင်ရသော်လည်း ညာဘက်ခြမ်းမှ ဘောင်းဘီသည် အရောင်ပိုရင့်နေခဲ့ပါသည်။
လုယုံရိသည် မတ်တပ်ရပ်လိုက်ပြီး ချီယယ်အနားသို့ လျှောက်သွားကာ
"ချီယယ် မင်း ဘယ်ကဘယ်လို ဒဏ်ရာရလာတာလဲ ငါမင်းကို ဆေးရုံခေါ်သွားပေးမယ်"
ချီယယ်သည် သူ့စကားကို မကြားသလိုပင်။ သို့သော် လုယုံရိက သူ့နောက်သို့ လိုက်လာလေ သူကပို၍ မြန်မြန် လျှောက်လေ ဖြစ်နေသည်။ ခြေထောက်တစ်ဖက်သည် ကောင်းနေသော တစ်ဖက်လောက် မမြန်သောအခါ သူအမြန်လျှောက်လေ ပိုနှေးလေးဖြစ်နေပြီး သူသည် နှစ်ကြိမ်တိုင်အောင် ခလုတ်တိုက်မိသွားသော်လည်း ဇွတ်တရွတ်နိုင်စွာ ရုံးမှ ရအောင် ထွက်သွားလေတော့သည်။
ဤသည်မှ သူ၏ စကားကို ငြင်းဆိုခြင်းဖြစ်ကြောင်း လုယုံရိသိလေသည်။ သူသည်ခနလောက် တောင့်တောင့်ကြီး ရပ်နေပြီး ချီယယ်သူ့စားပွဲပေါ် တင်သွားသော ဘူးလေးကို လှည့်ကြည့်လိုက်သည်။ သူဖွင့်ကြည့်လိုက်သောအခါ သော့တစ်ချောင်းနှင့် ဂိုထောင်လိပ်စာပျက်နေသော ဘူးတစ်ဘူးကို မြင်လိုက်ရသည်။ ပျက်နေသော်လည်း စာတို့က ဖတ်၍ ရနေသောအခါ ဂိုထောင်လိပ်စာသည် ချီ(ချီယယ်)မိသားစုဖွက်ထားခဲ့သော အဆိပ်ပြင်းအမြှီး ကင်းမြှီးကောက်၏ တည်နေရာဖြစ်နေလေသည်။
ČTEŠ
ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)
Hororဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။