Ep 9 (uni)

6.5K 396 25
                                    

Dinner ညပြီးကတည်းက အစ်ကိုကနေ့တိုင်း
အလုပ်သွားနေရတာ တစ်ပတ်တောင်ရှိပြီ။
ခုလောလောဆယ်ဒီအိမ်မှာ အားနေတာဆိုလို့ ဟေမာန်နဲ့ လပြည့်နှစ်ယောက်သာရှိသည်။ ဟေမာန်ကတော့
နောက်အပတ်ကျရင် အလှပြင်သင်တန်းတက်မလို့ဆိုလား။ သူကတော့ ဘာစိတ်၀င်စားမှန်းလဲမသိသလို
ဘာတက်ချင်မှန်းလည်းမသိ။ ကျောင်းကလည်းတက်ရဖို့က ၁လကျော်လောက်လိုသေးသည်။ ‌ဟေမာန်နဲ့က မေဂျာမတူပေမဲ့ ကျောင်းတူတော့အဖော်ရှိသေးတယ်။ အဲ့ဒီအတွက်ကမပူရ ။

အစ်‌ကိုပြောပြတာတော့ ခုနေတဲ့ နေရာက
မြောက်ဥက္ကလာထဲဟု ပြောသည်။ ရန်ကုန်မှာ
ဒီလိုခြံကျယ်ကျယ်နဲ့ တိုက်အကြီးကြီးနဲ့နေနိုင်တယ်ဆိုကတည်းက အစ်ကိုတို့ချမ်းသာမှုကတော်ရုံမဟုတ်လောက်။ အစ်ကိုတို့မှာအရှိန်အဝါကြီးမှန်းသိလေ လပြည့်အနေခက်လေဖြစ်ဖြစ်လာရသည်။ ကိုယ်လို ဘာမှမဟုတ်တဲ့သူနဲ့အိမ်ထောင်ကျသွားတာတောင်
တစ်မိသားစုလုံးမငြိုငြင်တော့ အားနာစိတ်တို့ကပိုလို့တိုးတိုးလာ၏။

"ယောင်းမလေး ‌အမေကပိုက်ဆံအိတ်မေ့ခဲ့လို့တဲ့ ဟေမာန်သွားပို့မလို့ ပျင်းရင်လိုက်ခဲ့ပါလား၊ 
ကိုကြီးလည်းဟိုမှာရှိတယ်"

ခြံထဲက ဒန်းပေါ်ထိုင်ရင်း အတွေးများနေခိုက် ဟေမာန့်အမေးကြောင့် လပြည့်စိတ်လေးပျော်သွား၏။ ကိုယ်အပြင်ထွက်ချင်တာများ ကိုယ်စောင့်နတ်ကသိပြီး
နှိုး‌စော်ပေးလားမှတ်ရတယ်။

"ဟုတ်လား အဲ့ဒါဆိုလပြည့်အင်္ကျီလေးသွားလှဲလိုက်အုံးမယ်နော်"

"ရတယ်ရတယ် ကားနားကစောင့်မယ်"

လပြည့်ကိုယ့်အခန်းဆီသို့သွက်သွက်လေးပြန်၀င်လာကာ အိမ်နေရင်း၀တ် ကာတွန်း၀မ်းဆက်အစား
ပါတိတ်နဲ့ပိတ်ဖောက်ဇာ လိမ္မော်နုရောင်လေး တွဲ၀တ်လိုက်သည်။ ဗြောင်တွေမ၀တ်ရဘူးဆိုလို့ ရွာကပါလာတဲ့ ဗြောင်လုံချည်အသစ်တွေဗီရိုအနောက်ထဲထည့်သိမ်းထားရသည့်အဖြစ်။ ထို့နောက် ဖုန်းလေးယူကာ ဟေမာန့်ဆီအမြန်ဆင်းလာလိုက်သည်။ အိမ်က driver ဦးမျိုးလိုက်ပို့တာမို့ ဟေမာန်နဲ့လပြည့်က နောက်ခန်းမှာသာထိုင်လိုက်ရုံသာ။

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now