အတွဲ(၁) - မြေခွေးမိစ္ဆာသခင်လေး
6 - ရှေ့လေအဟုန်အားကို ငှါးယူခြင်း သို့မဟုတ် ဘေးလူ၏ အင်အားအပေါ် အခြေကုတ်ရယူခြင်း [part 4]
ပိုင်စုချဲ၏ မျက်နှာအမူအရာမှာ မျက်နှာလွှားပုဝါ အဖယ်ခံလိုက်ရသည့်အချိန်၌ အနည်းငယ်ပြောင်းလဲသွား၏။ ဒေါသဖြင့်နီမြန်းနေသည့် ချီယွင်မျက်နှာကို မြင်ရသည့်အခါ သူမ၏မျက်လုံးများမှာ နာကြည်းချက်များနှင့် အပြစ်ရှိသလို ခံစားရသည့်စိတ်နှင့် နီရဲနေလေသည်။ သူမက တိုးတိတ်စွာနှင့် "ကျွန်မပဲ" ဟု ပြောလိုက်သည်။
"ဟေး ... မင်းဖြစ်နေတာကိုက ပိုကောင်းတယ်။ ဒီည ငါ မင်းကို ခေါင်းမဖြတ်နိုင်ခဲ့ရင် ငါ့နာမည်ကို ချီယွင် မဟုတ်ဘဲ 'လွီမောက်ဝူကွေးယွင်' (ကြာကူလီယွင်)လို့ နာမည်ပြောင်းပစ်လိုက်မယ်!" ဟု ချီယွင်က အေးစက်စက်နှင့် လှောင်ပြောင်ပြောဆိုလိုက်လေ၏။ "ပိုင်ယွဲ့မင် ရဲ့ ဂုဏ်သိက္ခာရှိတဲ့ သမီးလေးက မျက်နှာဖုံးဝတ်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ ရယ်ချင်စရာကောင်းတဲ့ 'အရှင်သခင်' ဆိုသူနောက် လိုက်လို့ တအိမ်လုံးကို သတ်ဖို့ ကြိုးစားနေတယ်။ မင်းလုပ်နေတဲ့ ကိစ္စကြီးတွေကို မင်းအဖေသာ သိခဲ့ရင် ဒေါသထွက်လွန်းလို့ သေသွားနိုင်လောက်တယ်။ စိတ်မပူပါနဲ့။ ငါ မင်းကို သတ်ပြီးရင် မင်းရဲ့ လုပ်ရပ်တွေအကြောင်း မင့်အဖေကို မပြောပါဘူး။ မင်းကြောင့် ရလာမဲ့ အရှက်တရားကနေ တအိမ်သားလုံး ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြဖို့ မလိုအပ်ပါဘူးလေ"
"ကျွန်မ ..." ပိုင်စုချဲ ၏ မျက်နှာသည် နီမြန်းလာပြီးနောက် ဖြူဖျော့သွား၏။ သူမနံဘေးရှိ ဓားကိုင်ထားသည့် အမျိုးသမီးက ချိုသာသောအသံဖြင့် "မမပိုင်၊ သူ့ကို ဂရုမစိုက်နဲ့။ အရှင်သခင်အတွက်နဲ့ အတိတ်ကို စွန့်လွှတ်ပြီး လိုအပ်ရင် ဘာမဆိုလုပ်မယ်လို့ ကတိပြုခဲ့တယ်လေ၊ ဒီလူနဲ့ အရေးမပါတဲ့စကားတွေ မပြောနဲ့။ သူ့ကို သတ်ပစ်ရအောင်"
ပိုင်စုချဲ ခေါင်းမော့လာ၏။ ဓားကိုင်ထားသည့် ချီယွင်က လှောင်ရယ်လိုက်ရင်း "ငါ့ကို သတ်မယ်? မင်းမှာ အရည်အချင်းရှိရင် တက်လာခဲ့လေ" သို့သော် ပိုင်စုချဲက "ငါ့ညီအစ်မတို့၊ ဒီလူက သိုင်းပညာမှာ အလွန်အစွမ်းထက်တဲ့လူ။ သူ့ကို ထိန်းချုပ်ဖို့အတွက် ငါးယောက်လောက်သာ ကျန်ခဲ့။ ကျန်တဲ့လူတွေ ပိလော့နန်းတော်ထဲ ထိုးဖောက်တိုက်ပြီး ကြက်တွေ၊ ခွေးတွေပါ မချန်နဲ့"
YOU ARE READING
Enduring a Thousand Tribulations [Shui Long Yin] MM Translation
Mystery / ThrillerMyanmar translation of "Enduring a Thousand Tribulations" Novel. Shui Long Yin (ရေနဂါးရဲ့ ဟစ်ကြွေးသံ) ဇာတ်လမ်းတွဲရဲ့ မူရင်းဝတ္ထု ဖြစ်ပါတယ်။ လက်ရှိမှာ ရိုက်ကူးပြီးသွားလို့ ပြခွင့်ပြုမိန့် စောင့်နေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသားကတေ...