6 - အရှေ့လေအဟုန်အားကို ငှါးယူခြင်း

54 7 0
                                    

အတွဲ ၁ - မြေခွေးမိစ္ဆာသခင်လေး

6 - အရှေ့လေအဟုန်အားကို ငှါးယူခြင်း သို့ ဘေးလူ၏ အင်အားအပေါ် အခြေကုတ်ရယူခြင်း (part 1)

ထန်လိစစ်သည် ပိလော့နန်းတော် ရှိရာ အနောက်ဘက်သို့ ခရီးထွက်သွားပြီးနောက် မော်ယာတောင်ထွတ်တွင် ပျောက်ကွယ်သွားသည့်သတင်းမှာ တောမီးပမာ သိုင်းလောကအတွင်း ပျံ့နှံ့သွားပြီး ဂိုဏ်းအများစုမှာ ဝမ်ယွိယွဲ့တန့်၏ လှုပ်ရှားမှုကြောင့် အလွန်ပင် ပဟေဋိဖြစ်နေလေသည်။ အလယ်ပိုင်းဓားသမားများအဖွဲ့အစည်းမှာ သိုင်းပညာရှင်ကြီး နှစ်ယောက်ကို ဆက်တိုက် ဆုံးရှုံးလိုက်ရပြီး ထန်လိစစ်ကလည်း ရှီးထင်ဟယ့်နှင့် ယွီချိဖုန့်တို့ကို သတ်ပြီးနောက် သိုင်းလောကကို အကျိုးသင့်အကြောင်းသင့် ရှင်းပြတာမျိုးလည်း မလုပ်ခဲ့ပေ။ ယန့်မင် ဂိုဏ်းချုပ် ကျန်းဖေးယွီက ရှီးထင်ဟယ့်မှာ ကိုးနှလုံးမိစ္ဆာစိတ်ဆေးလုံးကိစ္စတွင် ပါဝင်ပတ်သက်နေပြီး သေသင့်သည့် နာမည်ကြီးလူဆိုးတစ်ဦးဖြစ်နေကြောင်း ခိုင်ခိုင်မာမာ သက်သေပြခဲ့သော်လည်း ယန့်မင်ဂိုဏ်းမှာ အဓိကဂိုဏ်းတစ်ခု မဟုတ်သဖြင့် သူတို့၏ အရှိန်အဝါမှာ အားနည်းနေရာ အနည်းငယ်မျှသောလူတို့သာ နားထောင်ဖို့ ဆန္ဒရှိကြသည်။ ဒါ့အပြင်၊ ရှီးထင်ဟယ့်က လူဆိုးဖြစ်နေလျှင်တောင်မှ ယွီချိဖုန့်မှာ အလယ်ပိုင်းလွင်ပြင်၏ နာမည်ကြီး သူရဲကောင်းတစ်ဦးဖြစ်သည့်အလျောက် လူအများအပြား လေးစားမှု ရရှိထားသူတစ်ဦး ဖြစ်သည်။ ထန်လိစစ်က မြေအောက်လောကအကျော်အမော် ချီယွင်၊ ၁၃ လွှာငမွဲလူသတ်သမားမျှော်စင်မှ ရှဉ်လန်ဟွင်တို့နှင့်အတူ ယွီဓားစံအိမ်တော်ကို ထိုးဖောက်ဝင်ရောက်ပြီး ယွီချိဖုန့်ကို သတ်ကာ စံအိမ်ကို ဖောက်ခွဲပစ်ခဲ့ပြီး သွားလေသူ ယွီချိဖုန့် အမေ၏ အုတ်ဂူကိုပါ တူးဖော်ခဲ့သည်ဖြစ်ရာ ထိုလုပ်ရပ်များက အားလုံးကို ဒေါသထွက်စေခဲ့သည်။ 

ဝမ့်ချောင့်ကျိုင်း၏ ပိုင်ရှင် ထန်လိစစ်က ဘာကြောင့် ဓားဘုရင် ယွီချိဖုန့်ကို သတ်ချင်နေရသနည်းဆိုသည်ကို မည်သူမျှ နားမလည်ကြပေ။ ထိုလူနှစ်ယောက်စလုံးမှာ သာမန်လူများထက် ထူးခြားမြင့်မားသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ရက်အနည်းငယ်အတွင်းမှာပင် ကောလဟာလများ ပွထလာပြီး ထန်လိစစ်ဆိုသည့် နာမည်မှာ ထင်ရှားကျော်ကြားလာသည်။ တချို့က သူသည် မာနကြီးပြီး မိုက်ရိုင်းသည့် အမှန်ဘက်တော်သား မိစ္ဆာ ဟူ၍။ တချို့ကတော့ သိုင်းလောက၏ မကောင်းဆိုးဝါးများကို ဖယ်ရှားပေးသည့် အမြင်ကျယ်သော သူရဲကောင်းတစ်ဦးဟူ၍ ပြောဆိုကြသည်။ တချို့က သူတို့၂ ယောက်ကြားရှိ ပဠိပက္ခမှာ ရည်မှန်းချက်ခြင်းတူညီမှုကြောင့် ထားခဲ့ဖူးသည့် သဘောတူညီချက် တခုခုကြောင့် ဖြစ်ရမည်ဟု ယုံကြည်ကြသည်။ တချို့က ထန်လိစစ်က ငြီးငွေ့မှုသက်သက်ကြောင့် ယွီချိဖုန့်အား သတ်ပြီး သိုင်းလောကတွင် သူ၏ နာမည်ဂုဏ်ပုဒ်တပ်ချင်လာ၍ ဖြစ်သည်ဟု မှန်းဆကြသည်။ ထင်မြင်မှန်းဆချက်များမှာ အဆုံးမရှိပေ။ ထန်လိစစ်နှင့် သူ၏ အဖွဲ့သားများအား ပိလော့နန်းတော်၌ ခိုလှုံနေထိုင်ခွင့်ပေးသည့် ဝမ်ယွိယွဲ့တန့်၏ ဆုံးဖြတ်ချက်က ထိုမှန်းဆချက်များ ပိုမိုများပြားလာအောင် မီးကူထိုးပေးနေသလို ဖြစ်နေလေသည်။

Enduring a Thousand Tribulations [Shui Long Yin] MM TranslationWhere stories live. Discover now