အတွဲ (၁) မြေခွေးမိစ္ဆာသခင်လေး
7 - တောင်ထွတ်ပေါ်၌ [part 3]
ကျယ်ပြောလှသော တိမ်ပင်လယ်ကြီးအောက်တွင် လေနှင့် တိမ်တိုက်များက ဝဲကဲ့သို့ ချာလပတ် လှည်ပတ်လျှက် ရှိနေ၏။ တဟူးဟူး တိုက်ခတ်နေသော လေထန်ညတွင် လေပြင်းများက တောင်ထိပ်ပေါ်ရှိ ကျောက်တုံးများကို အက်ကွဲစေပြီး ကျောက်ဆောင်ပေါ်တွင် ကပ်၍ ပေါက်နေသော ထင်းရှူးပင်များ ပြတ်ထွက်လုနီးနီး ယိမ်းယိုင်နေရာ လူသူကင်းမဲ့နေသော ငရဲဘုံတစ်ခုလိုပင်။
အနက်ရောင် အရိပ်တစ်ခုမှာ တိမ်တိုက်များကို ဖြတ်ကျော်ပြီး ပေဒါဇင်ချီအမြင့်ကနေ ရုတ်တရက် ထိုးကျလာသည်။ ၎င်းအနောက်၌ မီးခိုးရောင်လူရိပ်တစ်ခုမှာ အရှိန်မြင့်ကာ ထိုးဆင်းလာပြီး မြေကြီးပေါ်မကျခင် ပေများစွာ ကွာဝေးနေသေးသည့် အမြင့်၌ အမည်းရောင်လူပုဂ္ဂိုလ်အား ဖမ်းယူလိုက်သည်။ ၂ ယောက်ပူးကပ်သွားသည့်အခါ ကျဆင်းနှုန်းမှာ ပို၍ မြန်ဆန်လာလေသည်။ မီးခိုးရောင်ပုဂ္ဂိုလ်၏ ခါးမှ ထောက်ကနဲ အသံမြည်သွားပြီးနောက် အနီရောင်ခါးပတ်ကြိုး ၂ ကြိုးမှာ အားပြင်းပြင်းနှင့် ကန်ထွက်လာ၏။ ခါးပတ်ကြိုးစမှာ ပေ ၃၀ မျှ ဆန့်ထွက်နိုင်ပြီး အကျယ် ၃ ပေမျှ ရှိနေလေသည်။ ၎င်းမှာ ရုတ်တရက် ထွက်လာသည့် အနီတောက်တောက် တောင်ပံတစ်စုံနှင့် တူနေလေ၏။ တောင်ပံသဖွယ် ခါးပတ်ကြိုးနှင့် တဝေါဝေါတိုက်နေသော လေပြင်းအား အကူအညီဖြင့် ထိုသူ ၂ ယောက်၏ ပြုတ်ကျသည့်အရှိန်အဟုန်မှာ နှေးကွေးသွားလေသည်။ မြေကြီးနှင့် ထိတော့မည့်အချိန်၌ မီးခိုရောင်လူပုဂ္ဂိုလ်မှာ လေထဲ လက်ဝါးတစ်ချက်ရိုက်လိုက်ရာ နှင်းပြင်ပေါ်တွင် ထမင်းစားပန်ကန်လုံးအရွယ် အနက်ရှိသည့် လက်ဝါးရာတစ်ခု ထင်သွားလေသည်။ ရေခဲပြင်မှာ အက်ကွဲသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်သွားပြီးနောက် ပင့်ကူမျှင်အိမ်ကဲ့သို့သော ကွဲအက်ရာများ ပေါ်သွားလေ၏။ ခါးပတ်ကြိုး၊ တရကြမ်းတိုက်နေသည့် တိုက်လေ နှင့် လက်ဝါးရိုက်ချက်တို့၏ ကျေးဇူးကြောင့် သူတို့ ၂ ဦးမှာ မြေကြီးပေါ်သို့ အထိအခိုက်မရှိ ဆင်းသက်နိုင်ခဲ့လေသည်။ သို့သော် ရေခဲပြင်ပေါ် ကျသွားသည့် လက်ဝါးရိုက်ချက်ကနေ ပြန်ကန်ထွက်လာသည့် ဂယက်လှိုင်းမှာ မီးခိုးရောင်ဝတ်လူ၏ ရင်ဘတ်ကို ဖောက်ထွင်းဝင်လာပြီး သူ၏ ကိုယ်တွင်းအင်္ဂါများမှာ ရိုက်ခတ်လာလေသည်။ ထိုအချိန်မှာပင် အခြားစွမ်းအင်လှိုင်းချီဓာတ်မှာ သူ့ကိုယ်ထဲ တဟုန်ထိုး ဝင်လာပြီး ကိုယ်တွင်းအင်္ဂါ ၅ ခုမှာ တဒုတ်ဒုတ်နှင့် တုန်လှုပ်သွားလေ၏။ သူသည် ဟန်လုပ်ပြုံးပြလိုက်ရင်း "မင်း ....."
YOU ARE READING
Enduring a Thousand Tribulations [Shui Long Yin] MM Translation
Mistério / SuspenseMyanmar translation of "Enduring a Thousand Tribulations" Novel. Shui Long Yin (ရေနဂါးရဲ့ ဟစ်ကြွေးသံ) ဇာတ်လမ်းတွဲရဲ့ မူရင်းဝတ္ထု ဖြစ်ပါတယ်။ လက်ရှိမှာ ရိုက်ကူးပြီးသွားလို့ ပြခွင့်ပြုမိန့် စောင့်နေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသားကတေ...