အပိုင်း(၁၇)
မှောင်မိုက်နေသောအခန်းတွင်းသို့ လရောင်ရဲ့အလင်းတို့သည် လေသာပြတင်းမှ တိုးဝင်လျက် အခန်းတွင်းမှ အရာဝတ္ထုများကိုဝိုးတဝါးမြင်နေရသည်။
တစ်နေရာတည်းကိုသာစူးစိုက်ကြည့်နေသော်လည်း စိတ်တို့သည် ထိုနေရာတွင်ရှိမနေ နှုတ်မှ တီးတိုးလေးရေရွတ်လျက် ခုတင်စောင်းကိုမှီလျက် နွမ်းလျော့ကာမှိုင်တွေလျက်ဖြစ်နေရသည်။"ငါ့ကိုလိုချင်တဲ့သူမရှိဘူး...ဘယ်သူမှမရှိဘူး..ဘယ်သူမှပဲ.."
ထိုစဉ် အခန်းတံခါးအသာပွင့်လာလျက် တံခါးအပြင်ဘက်မှ အလင်းရောင်တို့အခန်းတွင်းဝင်ရောက်လာသည်။ ဆူးတံခါးဆီမျက်လွှာလှန်တင်ကာကြည့်လိုက်ချိန် သူ့နာမည်အားခေါ်သံနှင့်အတူ သူ့အနားတလှမ်းချင်းလျှောက်လာသော သူအားတွေ့လိုက်ရသည်။
"မိုမို...."ကလေးမလေး သူ့အနားတရွေ့ရွေ့လျှောက်လာသည်ကို ဆူးအာရုံထဲမြင်နေရပြီး နွမ်းဖျော့နေရာမှ ဆတ်ကနဲကိုယ်ကိုမတ်ကာ
"မင်းဘာမှမဖြစ်ဘူးပဲ...တော်သေးတာပေါ့...တော်သေးတာပေါ့..."မျက်ဝန်းအိမ်မှမျက်ရည်များကျလာသော်ငြားနှုတ်ကပြုံးကာ နှုတ်ခမ်းသားတို့တုန်ယင်လျက် ဆိုလေသည်။ သူ့အနားနီးကပ်လာသော သူ၏ လက်ကလေးအားဆွဲကာ ဖက်ထားလိုက်ပြီး
"တောင်းပန်ပါတယ်နော် ငါမင်းကိုတစ်ယောက်ထဲထားခဲ့ဖို့မရည်ရွယ်ပါဘူး...တကယ်တောင်းပန်ပါတယ်...ငါမင်းကိုအမြဲတွေ့ချင်နေခဲ့တာ....ငါရှိတဲ့ဆီရောက်လာပေးလို့ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်..."
"ဌာနမှူး အဆင်ပြေရဲ့လား..."လီလီသူ့အားဖက်ကာ သူနားမလည်နိုင်သော စကားများဆိုလျက်ငိုနေသော ဌာနမှူးအား ကျောလေးပွတ်သပ်ပေးကာနှစ်သိမ့်ပေးမိသည်။
ညလယ်တရေးနိုးချိန်ကြီး CEOခွန်းသစ်ဆီမှ ဖုန်းဝင်လာခဲ့ပြီး ဌာနမှူး အရမ်းနေမကောင်းဖြစ်နေတယ်ဟုဆိုကာ ကားနဲ့လာခေါ်လေသည်။ လီလီလည်း ထိုသတင်းကြောင့်ပူထူကာ အဝတ်စားပင်မလဲနိုင် pajamasနဲ့ရောက်လာရသည်။ ဌာနမှူးအိမ်ရောက်သည်နှင့် CEOကြီးက သူ့အား ဌာနမှူး အခန်းဝဆီတွန်းလွှတ်ကာထားခဲ့ပြီး သူကပြန်ဆင်းသွားလေသည်။ ကြောင်အမ်းအမ်းနဲ့ပဲ တံခါးအသာခေါက်တော့ခွန်းတုံ့ပြန်သံမလာတာကြောင့် တံခါးလေးအသာလှပ်ကြည့်တော့အထဲတွင်မှောင်မဲလို့နေသည်။ CEOကြီးရဲ့ ရောက်တာနဲ့ဝင်သွားလိုက်ဆိုတဲ့စကားကြောင့် အသာတွန်းဖွင့်ကာ တလှမ်းချင်းလေလျှောက်ဝင်သွားလိုက်ရင်း ဌာနမှူးအား လေသံတိုးတိုးနှင့်ခေါ်လိုက်သည်။ တံခါးအပြင်မှအလင်းရောင်ကြောင့် ဌာနမှူးအား မြင်လာရပြီး အနားနီးကပ်သွားချိန်မှာတော့ အရည်လဲ့နေသောမျက်ဝန်းတို့ဖြင့်သူ့အားကြည့်ရင်း သူနားမလည်နိုင်သောစကားတို့အားဆိုကာ သူ့လက်အားဆွဲလျက် တင်းကြပ်ကြပ်ဖက်ထားတော့သည်။ လီလီဌာနမှူးငိုသံကြားသည်နှင့် သူကိုယ်တိုင်လည်း ရင်ထဲဆို့နင့်ကာ ဝမ်းနည်းလာရသည်။
YOU ARE READING
...Suu ...(Therapy Of Love)
Romanceမင်းဘဝမှာ အရာအားလုံးဆုံးရှုံးသွားတယ်ဆိုတဲ့ခံစားချက်မျိုး ရှိခဲ့ဖူးလား.... ရှင်သန်နေရတာ ဘာအတွက်လဲဆိုတာကောတွေးမိဖူးလား.... အဓိပ္ပာယ်မရှိတဲ့ဘဝကြီးကိုရှေ့ဆက်ဖို့အတွက် အကြောင်းပြချက်သေးသေးလေးတစ်ခုထဲနဲ့တင်လုံလောက်တယ်ဆိုယုံနိုင်လောက်လား... 🤙🤙