အပိုင်း(၁၆)
လီလီစာမေးပွဲဖြေနေစဉ်တလျှောက်လုံး ဆူးခတ် ကျောင်းသို့အပို့အကြိုလုပ်ပေးခဲ့ပြီး ယနေ့ဆိုနောက်ဆုံးစာမေးပွဲနေတောင်ရောက်လို့လာခဲ့ပြီဖြစ်သည်။ ကျောင်းရောက်သည်နှင့်ပုံမှန်လို လီလီနှုတ်ဆက်ကာ ကျေးဇူးတင်စကားဆိုလျက် ကားပေါ်ကဆင်းလာခဲ့သည်။
"ဌာနမှူး ဒီနေ့တော့အပြန်လာမကြိုနဲ့တော့နော် အကိုလာကြိုမယ်ပြောထားလို့"
"ရရဲ့လား...တစ်ခုခုဆိုဖုန်းဆက်လိုက်နော်"
"ဟုတ်ကဲ့ ခုလိုကူညီပေးတာ ကျေးဇူးတင်ပါတယ်နော်"
"ရပါတယ် သွားတော့လေ နောက်ကျနေဦးမယ်"
"ဟုတ်."
"ကောင်းကောင်းဖြေခဲ့"
"ဟုတ်"လီလီ ကျောင်းထဲဝင်သွားသည်အထိ ဆူးလိုက်ကြည့်ရင်း ဖုန်းဝင်လာသဖြင့် အကြည့်လွှဲကာဖုန်းဖြေသည်။
"ဟလို..နွယ်လေး ပြော."
"မမဆူး ...အိမ်ကိုအမြန်ပြန်လာခဲ့ပါ...အိမ်မှာ မမဆူးကိုတွေ့ချင်တဲ့သူရောက်နေတယ်"
"ဘယ်သူလဲနွယ်လေး"
"မသိဘူး အမျိုးသမီးတစ်ယောက်ပဲ"
"အွန်း ခုပဲပြန်လာပြီ"
.....ဆူး ခြံထဲကားအမြန်ထိုးရပ်ကာ အိမ်ထဲ ကမန်းကတမ်းဝင်သွားခဲ့သည်။နှုတ်မှလည်း စိုးရိမ်စွာ နှင်းနွယ်အားအော်ခေါ်လျက်ပေ
"နွယ်လေး...နွယ်လေး..နွယ်.."
ဧည့်ခန်းတွင်တည်ငြိမ်စွာထိုင်နေသော အမျိုးသမီးအား မြင်လိုက်ရချိန်မှာ နှုတ်မှခေါ်သံဆိုင်းငံ့သွားရသည်။ ထိုအမျိုးသမီးဘေးရှိနေသော နှင်းနွယ်လည်း အလျင်အမြန်ထလို့လာပြီး"မမဆူး .."
"ဒေါ်မြချယ်ရီပါလား...အိမ်ထိရောက်လာတယ်ဆိုတော့အရေးတကြီးကိစ္စများရှိလို့ပါလား"
"အွန်း...ဆိုပါတော့ "
ဆူး တံတွေးတချက်မျိုချလိုက်ကာ နှင်းနွယ်ဘက်ကြည့်ရင်း
"နွယ်လေး မမတို့နှစ်ယောက်ထဲစကားပြောချင်လို့ အခန်းထဲသွားပေးနော်"
YOU ARE READING
...Suu ...(Therapy Of Love)
Romanceမင်းဘဝမှာ အရာအားလုံးဆုံးရှုံးသွားတယ်ဆိုတဲ့ခံစားချက်မျိုး ရှိခဲ့ဖူးလား.... ရှင်သန်နေရတာ ဘာအတွက်လဲဆိုတာကောတွေးမိဖူးလား.... အဓိပ္ပာယ်မရှိတဲ့ဘဝကြီးကိုရှေ့ဆက်ဖို့အတွက် အကြောင်းပြချက်သေးသေးလေးတစ်ခုထဲနဲ့တင်လုံလောက်တယ်ဆိုယုံနိုင်လောက်လား... 🤙🤙