Ma's Mg
Part -3
မေဘရဏီပြောပြီးတာနှင့် သွန်းပိုပိုချစ်က ချက်ချင်းထသွားသည်မှာ သျှန်တားချိန်တောင် မရလိုက်ပေ။ မေဘရဏီကို ဒီဝိုင်းမှာ ထိုင်ခိုင်းတုန်းကတော့ သွန်းပိုပိုချစ်ကို အခုလို ဖြစ်စေချင်လို့ ဆိုပေမယ့် အခုလို ထသွားတော့လည်း သျှန့်စိတ်ထဲ အလိုမကျပေ။ ဘာကို စိတ်တိုမှန်းမသိ ဖြစ်လာကာ ဒေါသတွေကို ဘေးနားထိုင်နေသည့် မေဘရဏီ့ဆီသာ ပုံချပစ်လိုက်သည်။
"မင်းကို မေးခွန်းတွေ မေးပိုင်ခွင့် ငါဘယ်တုန်းက ခွင့်ပြုခဲ့လို့လဲ မေဘရဏီ...."
"ကိုကိုကလည်း... မေက ကိုကို့ ချစ်သူလေ..."
"ချစ်သူလို့ ပြောရအောင် မင်းကို ငါက ချစ်ပါတယ် ပြောမိလို့လား... မင်းဘက်ကနေစပြီး ငါ့ကို တွဲဖို့ ပြောလို့ ငါလက်ခံခဲ့တာလေ...."
"ကိုကို မိန်းကလေးတစ်ယောက်ကို အဲ့လိုမပြောနဲ့... မေက ကိုကို့ကိုချစ်လို့ ...... မိန်းကလေးတန်မယ့် စပြောခဲ့တာလေ...."
"အဲ့တာ မင်းကိစ္စလေ.... ငါစိတ်မဝင်စားဘူး...."
"ကိုကိုနဲ့ တွဲနေတဲ့သူတစ်ယောက်အနေနဲ့ ကိုကိုနဲ့တွဲထိုင်တာ ဘယ်သူလဲလို့ မေသိချင်မိတာ လွန်သွားလား ကိုကို....."
"ငါနဲ့တွဲနေတယ်ဆိုတာနဲ့ ငါ့ရဲ့ အရာရာကို သိခွင့်ရှိပြီလို့ မဆိုလိုဘူး.... ပြီးကျ မင်းနဲ့ငါတွဲတယ်ဆိုတာလဲ ခုဏက မင်းဒီဝိုင်းကို မလာခင်ထိပဲ....."
"ကိုကိုဘာပြောချင်တာလဲ...."
"မင်းနဲ့ငါ့ဇာတ်လမ်း ဒီမှာတင်ပြီးပြီ မေဘရဏီ... နောက်နောင် လမ်းတွေ့ရင်တောင် မနှုတ်ဆက်ကြေး... ဘိုင့်ဘိုင်....."
"ကိုကို အဲ့လိုလုပ်လို့မရဘူးလေ...."
ထထွက်လာသည့် သျှန့်ကို မေဘရဏီက လှမ်းဆွဲသဖြင့် သျှန် သူ့လက်ကို ပုတ်ချလိုက်သည်။
"ငါ့အသားကို မထိနဲ့ ငါမကြိုက်ဘူး.... ပြီးကျ မင်းသိချင်တာကို ဖြေပေးခဲ့မယ် ခုဏက သွန်းပိုပိုချစ်ဆိုတာ ငါနဲ့လက်ထပ်မယ့် အမျိုးသမီးပဲ.... "
သျှန်ပြောပြီး ထိုဝိုင်းမှ ထွက်လာခဲ့လိုက်သည်။ ဘာကြောင့် သျှန်နဲ့ လက်ထပ်မယ့်သူဟု ပြောခဲ့မိမှန်း ကိုယ့်ကိုယ်ကိုလည်း မသိပေ။ ကောင်တာမှာ ငွေရှင်းတော့ သွန်းပိုပိုချစ်နှင့် သျှန့်အတွက် နှစ်ယောက်စာသာ ရှင်းလိုက်၏။ ဆိုင်ရှေ့ရောက်တော့ သွန်းပိုပိုချစ်၏ အရိပ်ယောင်တောင် မမြင်ရတော့ပေ။ သျှန်လည်း သွန်းပိုပိုချစ်တို့ အိမ်ဘက် မောင်းလာခဲ့ပြီး သူမတို့အိမ်ရှေ့ကနေ ကားရပ်ကာ ကြည့်နေမိသည်။ သွန်းပိုပိုချစ်အခန်း မီးလင်းလာကာ ပြတင်းပေါက်မှတဆင့် သူမအရိပ်ယောင် မြင်လိုက်တော့မှ သျှန်စိတ်ချလက်ချ အိမ်ပြန်လာခဲ့လိုက်တော့သည်။
YOU ARE READING
Ma' s Mg
Romanceတစ်ယောက်နဲ့ တစ်ယောက် မသိကြပဲ မိဘတွေ သဘောတူလို့ ယူဖို့ ဖြစ်လာကြတဲ့ သူနှစ်ယောက်။ သျှန်နေခတစ်ယောက် လက်ထပ်ပွဲ ပျက်အောင် ဘယ်လိုတွေ ဖျက်မလဲ။ သူ မယူချင်ဘူး ပြောပြီးမှ အသည်းအသန်တွေ ဘယ်လိုချစ်မလဲ။