Part -13(Unicode)

4.4K 238 11
                                    

Ma' s Mg

Part -13

"လွန်းနောင်ရော ပိုပိုရော ငါ့သား လုပ်ရပ်ကြောင့် နင်တို့ကို ငါအားနာပါတယ်ဟယ်....."

"ရပါတယ်ဟယ် အချင်းချင်းတွေပဲ ဖြစ်ပြီးတာတွေ ပြောမနေပါနဲ့တော့...."

လူကြီးတွေ စကားပြောနေချိန် သွန်း ဘာမှ ဝင်မပြောမိပါ။ အသက်ကြီးတဲ့သူ မကြိုက်ဘူးလို့ မောင့်မေမေပြောသည့် စကားကိုသာ ကြားယောင်ပြီး မောင့်ကို စိတ်ကောက်နေမိသည်။ အိမ်ကို ပြန်လာသည့် လမ်းမှာလည်း မောင်က သွန်းကို စကားတွေ ပြောပေမယ့် သွန်းကတော့ တစ်ခွန်းမှ ပြန်မပြောပဲ နေလိုက်သည်။ လူကြီးတွေ မင်္ဂလာပွဲလုပ်မယ့် အကြောင်း ဆွေးနွေးတော့ မောင်က ဒီလကုန်လောက်လုပ်ချင်ကြောင်းနဲ့ သူ့စိတ်ကူးကို ဝင်ပြောပေမယ့် သွန်းကတော့ ဝင်မပြောမိပါ။

နောက်ဆုံးကျ မင်္ဂလာပွဲကို မောင့်စိတ်တိုင်းကျ စီစဉ်ဖို့ မိဘတွေက ခွင့်ပြုသဖြင့် မောင့်မျက်နှာကြီးက ပြုံးပျော်နေတော့၏။ မေမေတို့က မောင့်မိဘတွေကို ထမင်း စားပြီးမှ ပြန်ခိုင်းသဖြင့် သွန်း အပေါ်တက်နားဖို့ ပြင်လိုက်သည်။

"သမီး ခေါင်းနည်းနည်း ကိုက်နေလို့ အပေါ်ကို တက်နားလိုက်ဦးမယ်နော်.... "

"အေးအေး သမီးသွား....."

မောင့်မေမေက ခွင့်ပြုတာနှင့် သွန်း မေမေ့စကားတောင် မစောင့်တော့ပဲ တက်လာခဲ့လိုက်သည်။ မဟုတ်လျှင် လူကြီးတွေ ရှိနေတာကို နေပါဦး ဟု တားမှာစိုးသောကြောင့်ဖြစ်သည်။ သွန်း အပေါ်ရောက်တော့ လူက နုံးနေတာကြောင့် ရေထပ်ချိုးလိုက်ကာ ခေါင်းပါ လျှော်ပစ်လိုက်သည်။ သွန်း ရေချိုးခန်းမှ သဘတ် ပတ်ကာ ထွက်လာတော့ မောင်က သွန်းကုတင်ပေါ်ထိုင်၍ ရေချိုးခန်းဘက် ကြည့်နေတာ မြင်လိုက်ရသဖြင့် လန့်သွားရ၏။

"ဘုရား....."

သျှန့်ကို မြင်ပြီး လန့်ကာ ယောင်လိုက်သည့် မ ပုံစံလေးက ချစ်ဖို့ကောင်းလှသည်။ တကယ်ပါ သျှန့်ရဲ့ မက သျှန့်ထက် အသက်ကြီးတယ်ဆိုတာ ယုံချင်စရာ မရှိပေ။

"နေမကောင်းပဲ ဘာလို့ ရေထပ်ချိုးတာလဲ မရယ်.... ဆံပင် အရှည်ကြီးကို ခေါင်းကလည်း လျှော်လာသေးတယ်...."

Ma' s Mg Where stories live. Discover now