Ma' s Mg
Part-5
"မ, ခင်ဗျား Facebook မှာ ဘာတွေ လျှောက်တင်နေတာလဲ......"
မောင်က အခုရက်ပိုင်း သွန်းဆီ ညတိုင်းဖုန်းဆက်တတ်သည်။ ဆက်သည့်အကြောင်း အရာကလည်း အခုလို ဘာမှ ထွေထွေ ထူးထူးမဟုတ်ပေ။
"ဟွန်.... ဘာတင်လို့လဲ..."
"ဘာတင်ရမှာလဲ မ,ပုံတွေနဲ့ ကဗျာလိုလို စာလိုလိုတွေ လျှောက်တွဲတင်တာလေ...."
"အဲ့တာဘာဖြစ်လဲ တခြားသူတွေလည်း တင်တာပဲ...."
"အခုခေတ်မှာ အဲ့လိုတင်တာ အန်းဒိတ်တွေ... တောသူတွေပဲ ရှိတော့တယ်...."
"အဲ့တော့လည်း တို့ကို တောသူ အန်းဒိတ်လို့သာမှတ်လိုက်ပေါ့...."
"ခင်ဗျားက ကျွန်တော်နဲ့ စေ့စပ်မယ့်သူမို့လို့ စေတနာနဲ့ ပြောပြတာ.... ကျွန်တော် မြင်နေရတာလည်း အဆင်မပြေလို့...."
ကျွန်တော် မကြိုက်ဘူးလို့တော့ သျှန်မပြောဖြစ်..
"ဘာလို့ အဆင်မပြေ..."
"အော်.... ကျွန်တော့အကောင့်ထဲ အဲ့လို အန်းဒိတ်တွေတင်တာ မ, တစ်ယောက်ပဲရှိတော့ တွေ့ရတာ အဆင်မပြေဘူးလေ..."
မ, ပုံတွေ တင်ရင် သူများတွေ မြင်မှာမကြိုက်လို့ဆိုတဲ့ စကားကိုတော့ စိတ်ထဲကသာ ပြောလိုက်သည်။
"အဲ့တာဆိုလည်း တို့အကောင့်ကို Unfriend လုပ်လိုက်လေ.... ဒါမှမဟုတ် တို့ဘက်က Block ပေးရမလား....."
သွန်းတမင်ရွဲ့ပြောပစ်လိုက်သည်။ မမြင်ချင်ရင် ဘာလို့ လာaddသေးလဲ... သူ့ရဲ့ အကောင့်ထဲက တခြားသူတွေနဲ့ လာလာနှိုင်းပြောနေတာ ကြိုက်ကို မကြိုက်ပါ။
"ဟာ..... မ, ခင်ဗျားနော်... လုပ်ရဲ လုပ်ကြည့်...."
"လုပ်ကြည့်တော့ ဘာဖြစ်မလဲ သိချင်လာပြီ.... အခုပဲ လုပ်လိုက်မယ်.... "
"မ, ခင်ဗျား ကျွန်တော့ကို အခု Block ရင် မနက်ဖြန်ကျ မ,ရဲ့ ကျောင်းထိ လာနမ်းမှာ...."
"ဘာ... ဘာဆိုင်လို့လဲ...."
တကယ်လုပ်မယ့်ပုံရသော မောင့် ကြောင့် သွန်းနည်းနည်းတော့ လန့်သွားရသည်။
"ဆိုင်ဆိုင် မဆိုင်ဆိုင်လေ.... ကျွန်တော်က မနမ်းချင်ပေမယ့် မ,က အနမ်းခံချင်လို့ စိန်ခေါ်ရင်တော့ လာနမ်းပေးရမှာပေါ့.... ဟိုတစ်ခါလို ပါးကိုတော့ မဟုတ်ဘူးနော်.... မ,ရဲ့ နှုတ်... ခမ်း.... တွေ.... ကို..."
YOU ARE READING
Ma' s Mg
Romanceတစ်ယောက်နဲ့ တစ်ယောက် မသိကြပဲ မိဘတွေ သဘောတူလို့ ယူဖို့ ဖြစ်လာကြတဲ့ သူနှစ်ယောက်။ သျှန်နေခတစ်ယောက် လက်ထပ်ပွဲ ပျက်အောင် ဘယ်လိုတွေ ဖျက်မလဲ။ သူ မယူချင်ဘူး ပြောပြီးမှ အသည်းအသန်တွေ ဘယ်လိုချစ်မလဲ။