Ma' s Mg
Part -9
"ကျွန်တော် ပြန်လိုက်ပို့မယ်....."
သွန်းတို့ မင်းသစ်ကို နှုတ်ဆက်ကာ ဟော့ပေါ့ဆိုင်ကပြန်မယ်လုပ်တော့ မိုးတောင်ချုပ်နေပြီဖြစ်သည်။ သွန်း ရသော်နဲ့ ပြန်မယ်လုပ်တော့ မောင်က သွန်းလက်ကိုဆွဲကာ သူပြန်ပို့ပေးမယ်ပြောသည်။
"ရပါတယ်.... ရသော်နဲ့လာတာ သူနဲ့ပဲ ပြန်လိုက်မယ်......"
"ကျွန်တော် မနဲ့ နှစ်ယောက်တည်း ပြောစရာရှိလို့ ပြီးကျ ကျွန်တော် မေမေတို့ဆီလည်း လိုက်ခဲ့မလို့....."
ရသော်နဲ့လာပြီး မောင်နဲ့ပြန်ပြန်လျှင်လည်း ရသော့်ကို အားနာစရာဖြစ်ပြီး မောင်ကလည်း အလျော့မပေးပဲ သွန်းလက်ကို ကိုင်ထားတာကြောင့် သွန်းကြားထဲက အခက်တွေ့နေရသည်။
"ညီလေး နောက်နေ့မှ ပြောလိုက်ပါလား.... ပိုချစ်က အကို့ကားပေါ်က ယူစရာလည်း ရှိတော့ အကိုပဲပြန်လိုက်ပို့ပေးလိုက်ပါမယ်....."
နေရာတကာ ပါလွန်းသော ရသော်လင်းထက်ကို သျှန်တော်တော်တင်းနေပြီဖြစ်သည်။
"ခင်ဗျားကားပေါ်က ပစ္စည်းတွေ ကျွန်တော့ကားပေါ် တင်လိုက်.... မ, ကျွန်တော့ကားပေါ်တက်....."
ရသော်ဝင်ပြောလို့ မောင်ကဒေါသထွက်နေသည်ထင် မျက်နှာတွေတောင် ရဲလာ၏။ ဘီယာလည်း နည်းနည်းသောက်ထားသဖြင့် စိတ်ဆတ်နေသည်ထင် နည်းနည်းမှ သည်းမခံနိုင် ဖြစ်နေလေသည်။ မောင်နဲ့ ရသော် ပြသနာဖြစ်မှာ စိုးတာကြောင့် သွန်းပဲ ကြားကဝင်ပြောရတော့ သည်။
"ရတယ် ရသော် ငါ ခ နဲ့ပဲ ပြန်လိုက်တော့မယ် ငါလက်ဆောင်တွေ နင့်ကားပေါ်က လိုက်ယူမယ်နော်.... လက်ဆောင်တွေအတွက် ကျေးဇူးပါပဲ...."
သွန်းပြောလိုက်တော့ မောင့်မျက်နှာက ပြုံးသွားပြီး ရသော်ကတော့ မျက်နှာပျက်သွားသော်လည်း သွန်းအတွက် မောင့်အပြုံးက ပိုအရေး ကြီးတာမို့ ရသော့်ကို လျစ်လျူရှုထားလိုက်သည်။
"မ ကားပေါ်တက်နှင့်လိုက် ကျွန်တော်သယ်ခဲ့မယ်...."
သွန်းလည်း မောင့်စကားအတိုင်း မောင့်ကားပေါ် တက်စောင့်နေလိုက်သည်။
YOU ARE READING
Ma' s Mg
Romansaတစ်ယောက်နဲ့ တစ်ယောက် မသိကြပဲ မိဘတွေ သဘောတူလို့ ယူဖို့ ဖြစ်လာကြတဲ့ သူနှစ်ယောက်။ သျှန်နေခတစ်ယောက် လက်ထပ်ပွဲ ပျက်အောင် ဘယ်လိုတွေ ဖျက်မလဲ။ သူ မယူချင်ဘူး ပြောပြီးမှ အသည်းအသန်တွေ ဘယ်လိုချစ်မလဲ။