Part -16 (Unicode)🚨🚨

835 67 4
                                    

Ma' s Mg

Part -16

"နှင်းနု ငါ့ကို ဘာလို့ ခေါ်လာတာလဲ ဟိုမှာမောင်နဲ့ ရသော်နဲ့ ပြဿနာ ဖြစ်မှာစိုးလို့ပါဆို...."

"စိုးရိမ်မနေနဲ့ နင့်ယောက်ျားလည်း အရွယ်ရောက်ပြီးတဲ့သူပဲ.... သူတို့ ငါတို့ဆီ အာရုံ မရတုန်း ငါတို့နှစ်ယောက်တည်း ဂုဏ်ပြုချင်လို့......"

"မရဘူးနော်.... ငါသောက်လို့ မရတာနင်သိရဲ့သားနဲ့...."

သွန်းက Alcohol သောက်မရဘူးဆိုတာက နည်းနည်းလေး ဝင်တာနဲ့ မူးသွားပြီး စိတ်ထဲရှိသမျှ အမှန်တိုင်း ပြောတတ်တာပင်။ ဟိုအရင် တက္ကသိုလ်တက်တုန်းက လူငယ်သဘာဝ ပထမဆုံးအကြိမ် စမ်းသပ်ပြီးကတည်းက သိခဲ့၍ သေချာအောင် ၄ခါလောက်ထိ စမ်းသပ်ဖူးသည်။ အဲ့ကတည်းက သွန်း Alcohol ဆို လုံးဝ မထိတော့တာပင်။

"အဲ့တာကြောင့်လေ..... နင်ပဲ သျှန်နေခကို နင့်ခံစားချက်တွေ ပွင့်ပွင့်လင်းလင်း သိစေချင်ပေမယ့် မပြောရဲဘူး ဖြစ်နေတယ်ဆို..... ပြီးကျ..... သွန်း.... ရသော်က ငါတို့သူငယ်ချင်းပေမယ့် ခုဏက အဲ့ကောင်မှားတာ နင်သိတယ်မလား.... နင်တို့ငါတို့က သူငယ်ချင်းမလို့ သူ့ကို အားနာပေမယ့် သျှန်နေခကကျ အားနာမှာ မဟုတ်ဘူးလေ... သူ့မိန်းမကို ကြောင်ချင်နေတဲ့သူကို အလွတ်လည်း ပေးမှာ မဟုတ်ဘူး.... အဲ့လိုပဲ ရသော်ကလည်း နင်ဘာမှ မပြောဘူးဆိုပြီး သျှန်နေခကို သွေးတိုးစမ်းနေမှာ ငါပြောတာတွေ နင်သဘောပေါ-က်တယ်မလား....."

"အင်း...."

နှင်းနုပြောတာတွေ သွန်းနားလည်ပါသည်။ ရသော်က မောင့်စိတ်ကို တမင် ဆွနေသလိုပင်။ ရသော် အရင်က သွန်းကို သွန်းလို့ခေါ်ခဲ့ပြီး တက္ကသိုလ် တက်မှ ပိုချစ်လို့ ပြောင်းခေါ်ခဲ့၏။ သွန်းတားပေမယ့် ဒီလိုက ပိုခေါ်ကောင်းလို့ဟုဆိုကာ တားမရပေ။ အဲ့တုန်းက သူငယ်ချင်းတွေမလို့ အားနာပြီး ဆက်မပြောခဲ့ပေမယ့် အခုလို မောင်မကြိုက်ရင်တော့ သွန်းတားရမှာပင်။

"အဲ့တော့ ဒီတစ်ခွက်သောက်ပြီး နင်ဖြစ်နေတဲ့ ပြသနာတွေကို ဖြေရှင်းလိုက်တော့... ဒါသောက်ပြီးရင် ရသော့်ကိုလည်း နင်အားမနာတန်း ပြောနိုင်သလို နင့်ယောက်ျားကိုလည်း နင့်စိတ်ကို ဖွင့်ပြလိုက်တော့...."

You've reached the end of published parts.

⏰ Last updated: 4 hours ago ⏰

Add this story to your Library to get notified about new parts!

Ma' s Mg Where stories live. Discover now