Ma' s Mg
Part -14
"မ.... မပြီးသေးဘူးလားဗျာ....."
"ပြီးပြီ..... မနက်အတွက် ပြင်နေလို့...."
ဒီနေ့ ဆန်းဒေးပိတ်ရက်မို့ တစ်ရက်လုံး မောင်က သွန်းအနားသာ ကပ်နေလေသည်။ တစ်ရက်လုံး အနားယူမလို့ဟုဆိုကာ မှန်နံရံလေးသာခြားသော ရုံးခန်းထဲတောင် မသွားပေ။ အခု ညဘက်အိပ်ခါနီး မနက် ကျောင်းဖွင့်ရက်မလို့ လိုတာလေးတွေပြင်နေတာတောင် အိပ်ရာပေါ်ကနေ တကြော်ကြော်ခေါ်နေ၏။
"မ..... ကိုယ်လက် သန့်ရှင်းရေး လုပ်လိုက်ဦးမယ်...."
"အင်း.... မြန်မြန်လာနော် ပြီးရင် အိပ်ကြမယ်...."
"အွန်း...."
သွန်း ကိုယ်လက်သန့်ရှင်းရေးလုပ်ကာ ညဝတ်တစ်ခါတည်းလဲပြီးမှ ရေချိုးခန်းက ထွက်ခဲ့လိုက်သည်။ သွန်း အခန်းထဲရောက်တော့ မောင်က သူ့ MacBook ကို ကြည့်နေရာမှ ပိတ်ကာ ကုတင်ဘေးက စားပွဲပေါ်လှမ်းတင်လိုက်၏။
"မ.... လာ...."
သွန်းလည်း ကုတင်ပေါ်တက်ကာ ကိုယ့်နေရာမှာကိုယ် လှဲလိုက်သည်။ မောင်က လက်ဆန့်ပေးထားသော်လည်း မောင့်ရင်ခွင်ထဲ ဝင်လှဲဖို့တော့ သွန်းမရဲပါ။
"မ က....ဗျာ..... မောင့်ရင်ခွင်ထဲ ဝင်လှဲဖို့ လက်ဆန့်ပေးတာကို အလိုက်ကို မသိဘူး....."
သူ့ရင်ခွင်ထဲ ဝင်မလှဲလို့ သွန်းကို စူပုတ်ပုတ်လေး ပြောလာသည့် မောင်က သွန်းနဲ့ ကော်ဖီဆိုင်မှာ ပထမဆုံး လာတွေ့တုန်းကပုံစံနှင့် အခုပုံစံ တကယ်ကို တခြားစီပင်။
" ခ.... လက်နာမှာစိုးလို့ပါ...."
"မရဘူးဗျာ.... လာခဲ့.... ယောက်ျားက နီးနီးကပ်ကပ်နေချင်လို့ လာခိုင်းပါတယ်ဆို လက်နာမှာစိုးလို့ လုပ်နေတယ်..... မ.....ကလေ အဲ့လိုတွေကြောင့် ဒီအရွယ်ထိ ရည်းစားမရှိတာသိလား...."
မောင်ပြောသည့် နောက်ဆုံးစကားကြောင့် သွန်း စိတ်အလိုမကျ ဖြစ်ရကာ စိတ်ကောက်ချင်မိသည်။ သွန်းလည်း မောင်နဲ့မှ ကလေးဆန်ချင်နေတော့တာပင်။
"မရတာ မဟုတ်ဘူး..... မထားတာ.... အသက် ၂၇ မပြည့်သေးတဲ့ အရွယ်က ဘာကိစ္စ အပျိုကြီး ဖြစ်ရမှာလဲ..... အခုထားချင် အခုရတယ်....."
YOU ARE READING
Ma' s Mg
Romanceတစ်ယောက်နဲ့ တစ်ယောက် မသိကြပဲ မိဘတွေ သဘောတူလို့ ယူဖို့ ဖြစ်လာကြတဲ့ သူနှစ်ယောက်။ သျှန်နေခတစ်ယောက် လက်ထပ်ပွဲ ပျက်အောင် ဘယ်လိုတွေ ဖျက်မလဲ။ သူ မယူချင်ဘူး ပြောပြီးမှ အသည်းအသန်တွေ ဘယ်လိုချစ်မလဲ။