Part -8 (Unicode)

4.7K 230 10
                                    

Ma' s Mg

Part -8

သွန်း ဆိုင်ထဲဝင်လာတော့ ရသော် ထိုင်နေသည့် စားပွဲရဲ့ မျက်စောင်းထိုး စားပွဲမှာ မောင်က ထိုင်နေပြီး ကောင်မလေးတစ်ယောက်က သူ့ဘေးနား မတ်တပ်ရပ်နေသည်။ သူ့ကိုမြင်လိုက်ရတိုင်း အနားမှာ ကောင်မလေး တစ်ယောက်မဟုတ် တစ်ယောက်ပါနေတတ်တာကို မကြိုက်သော်လည်း သွန်းနဲ့သူက တားလို့ရသည့် ဆက်ဆံရေးမျိုးမဟုတ်ပေ။ သွန်းလည်း မသိချင်ယောင်ဆောင်၍သာ ရသော်နဲ့ မျက်နှာချင်းဆိုင်နေရာမှာ ဝင်ထိုင်ရင်း မောင့် ဘက်ကို ထပ်မကြည့်မိအောင် နေလိုက်သည်။

"ပိုချစ် ငါနင့်အတွက် တုံရမ်း အရသာပဲမှာလိုက်တယ်....."

"အင်း ကျေးဇူး ရသော်....."

"ငါ နင်ကြိုက်တာတွေချည်း ယူလာပေးထားတယ် ... နင် side dishes စားပြီး စောင့်နေ ငါထည့်ပေးမယ်....."

"ရပါတယ် ရသော်ရဲ့ ငါ့ဟာငါ လုပ်ပါမယ်..."

ရသော်က အရင်လည်း နှင်းနုနဲ့ သွန်းကို လုပ်ပေးနေကြပေမယ့် အခုက မောင် ရှိနေတာရော သွန်းကို စောင့်ကြည့်နေသလို ခံစားရတာရောကြောင့် ငြင်းလိုက်ရသည်။

"ကဲပါ အေးဆေးစားပါဟာ ငါလုပ်ပေးနေကျပဲကို....."

သွန်းလည်း ရသော့်ကို အတင်းငြင်းမနေတော့ပဲ ရသော်ယူပေးထားတာလေးတွေသာ စားနေလိုက်သည်။

✨✨✨

သျှန် နေ့လည်က မ, နဲ့ ဖုန်းပြောပြီးတော့ စိတ်ညစ်ညစ်ဖြင့် ထူးအံ့နဲ့ မင်းသစ်ကို ညနေ တွေ့ဖို့ ချိန်းလိုက်သည်။ ထူးအံ့ကတော့ မအားဘူးဟုဆိုကာ မင်းသစ်က ညနေကျ သူဧည့်သည်တစ်ယောက်နဲ့တွေ့ဖို့ ချိန်းထားတာပြီးလျှင် အားပြီဆိုသဖြင့် မင်းသစ်ဆိုင်ကို လာခဲ့လိုက်သည်။ သျှန်ရောက်တော့ မင်းသစ်က ဧည့်သည်နှင့် စကားပြောနေတုန်းမို့ မင်းသစ်ရဲ့ ရုံးခန်းထဲ မဝင်တော့ပဲ အပြင်က စားပွဲမှာသာ ထိုင်စောင့်နေလိုက်သည်။

မင်းသစ်ရဲ့ ဆိုင်တွေက အထိုက် အလျောက် အောင်မြင်ကာ ဆိုင်ခွဲတွေ အများကြီးရှိသည်။ သျှန် အခုရောက်နေသည့် ဆိုင်ခွဲကတော့ နေရာ အကျယ်ဝန်း အကျယ်ဆုံး ဖြစ်ကာ တခြားဆိုင်ခွဲတွေထက် ဝန်ဆောင်မှုရော အ‌စားအသောက်ရော ဈေးနှုန်းပါပိုသည်။ မင်းသစ်က သူ့ဆိုင်တွေကို လူတန်းစားအမျိုးမျိုးအတွက် တစ်ဆိုင်နှင့် တစ်ဆိုင် ဈေးနှုန်းတွေ မတူပဲ ဖွင့်ထားကာ ဆိုင်တိုင်းကတော့ ပေးရသည့်ဈေးနှင့် တန်သည်ထက်ပို၍ တန်နေတာကြောင့် မင်းသစ်ဆိုင်တွေက လူတန်းစား အမျိုးမျိုးကြား အောင်မြင်နေခြင်းသာ။

Ma' s Mg Where stories live. Discover now