Ma' s Mg
Part -7
" မ, မြန်လိုက်တာဗျာ မနည်းလိုက်ရတယ်...."
သွန်း ဆိုင်ထဲမှ ထွက်ကာ လမ်းမပေါ် ရောက်ခါနီးကျ မောင်က သွန်းလက်ကို အနောက်က လှမ်းဆွဲလာလေသည်။
"မင်းကို ဘယ်သူက လိုက်ခိုင်းလို့လဲ.... တို့ဟာတို့ပြန်တာလေ....."
"ကျွန်တော် ခေါ်လာတာလေ ပြန်ပို့ပေးရမယ့် တာဝန် ကျွန်တော့မှာရှိတယ်...."
တာဝန်ဆိုသည့်စကားကြောင့် သွန်းမျက်နှာ ပျက်သွားရသည်။ အင်းပေါ့လေ သူနဲ့သွန်းက မိဘတွေ စေ့စပ်ပေးလို့သာ သားသမီးတာဝန်အရ မိဘစကားနားထောင်ခဲ့ကြရတာပင်။
"တို့ တာဝန် တို့ယူနိုင်တာမို့ မင်းစိတ်မပူပါနဲ့..... ဖယ်...."
သွန်းကို ကိုင်ထားသော လက်ကို အတင်းဖြု-တ်ချသော်လည်း လွှတ်မပေးပေ။
"ကျစ်.... နည်းနည်းလေးမှကို အမှားမခံဘူး.... လာခဲ့ ကျွန်တော်နဲ့ပဲ ပြန်ရမယ်....."
သျှန် အတင်းပြန်ဆွဲခေါ်တော့ ဘာမှ မပြောပဲ လိုက်လာသဖြင့် သျှန့်ကားပေါ် သေချာထိုင်စေပြီးမှ သျှန်လည်း မောင်းသူနေရာ ဝင်ထိုင်၍ မောင်းထွက်လာခဲ့လိုက်သည်။ ကားကို လမ်းရှင်းတဲ့နားရောက်မှ လမ်းဘေးကပ်ရပ်၍ စကားအေးဆေးပြောဖို့ ပြင်ရတော့သည်။
"မ, ကျွန်တော့ကိုကြည့်....."
တစ်ချိန်လုံး ကားမှန်အပြင်ဘက် ကြည့်လာသူက ကားရပ်လိုက်တာတောင် သျှန့်ဘက် မလှည့်လာပဲ သျှန်ခေါ်လိုက်မှ လှည့်ကြည့်လေသည်။
"နောက် အဲ့လိုမျိုး ထွက်မသွားပါနဲ့ ကျွန်တော် မကြိုက်ဘူး....."
"တို့က မင်းကောင်မလေးနဲ့ အေးဆေးနေရအောင် ရှောင်ပေးတာလေ....."
" အဲ့တာ ကျွန်တော့ ကောင်မလေး မဟုတ်ပါဘူးဗျာ.... သူနဲ့ ဘယ်တုန်းကတွဲမိလဲ သူဘယ်သူလဲတောင် မမှတ်မိတော့ဘူး......"
"အဲ့တာ မင်းတို့ အကြောင်းလေ.... တို့နဲ့ မဆိုင်ဘူး...."
သျှန့်ကို ပြန်ဖြေသံက ဘောက်ဆတ်ဆတ်ဖြင့်။
"မဆိုင်လို့ ရမလား..... မ, က ကျွန်တော်နဲ့ စေ့စပ်ထားတဲ့သူလေ... မ..... ကျွန်တော့အပေါ် ဘယ်လို သဘောထားလဲ....."
YOU ARE READING
Ma' s Mg
Romanceတစ်ယောက်နဲ့ တစ်ယောက် မသိကြပဲ မိဘတွေ သဘောတူလို့ ယူဖို့ ဖြစ်လာကြတဲ့ သူနှစ်ယောက်။ သျှန်နေခတစ်ယောက် လက်ထပ်ပွဲ ပျက်အောင် ဘယ်လိုတွေ ဖျက်မလဲ။ သူ မယူချင်ဘူး ပြောပြီးမှ အသည်းအသန်တွေ ဘယ်လိုချစ်မလဲ။