Ma' s Mg
Part -10
"ကျမမှာ ကိုကြီး ရင်သွေးလေး ရှိနေပြီ...."
"ဘာ....."
"ဟုတ်တယ် ကျမမှာ ကိုကြီးရဲ့ ရင်သွေးရှိနေပြီ ရှင့်ရဲ့ စေ့စပ်ပွဲကို ဖျက်ပေးပါ...."
အိနြေ္ဒဟန့် စကားက သွန်းခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလိုပင်။ ဒါဘာစကားလဲ .... သွန်းနဲ့ စေ့စပ်ပွဲကို ဖျ-က်ချင်လို့ မောင်က တမင် လွှတ်လိုက်တာလား ဒါမှမဟုတ် အိနြေ္ဒဟန်ပြောသလို သူ့မှာ မောင့်ရင်သွေးလေး တကယ်ရှိနေတာများလား...
"ရှင် မယုံနိုင်ဖြစ်နေတာလား.... ဒီမှာ ကိုကြီးနဲ့ ကျမ အတူနေတုန်းက ကိုကြီးကိုယ်တိုင် ရိုက်ထားတဲ့ ပုံတွေ...."
အိနြေ္ဒဟန်က ဓာတ်ပုံအချို့ သွန်းကို ထုတ်ပြလာသည်။ ပုံထဲမှာ မောင်ရော သူရောက အဝတ်စားတွေ မပါကြပဲ အိပ်ယာပေါ်ရှိနေကြကာ အိနြေ္ဒဟန်က မောင့်ရင်ခွင်ထဲမှာဖြစ်သည်။ ထိုပုံတွေ မြင်လိုက်ရချိန် သွန်းစိတ်ထဲ ဆော-က်တည်မရ ဖြစ်ခဲ့ရပေမယ့် တခြားသူတစ်ယောက်ရှေ့ မပြိုလဲချင်တာကြောင့် ဟန်ဆောင်နေလိုက်သည်။
"မင်းတို့ရဲ့ ပုံတွေ တို့ကို ပြဖို့အထိ မလိုပါဘူး...."
"ရှင်က အရှက်မရှိ သူများရဲ့ ကလေးအဖေကို လက်မလွှတ်မှာစိုးလို့ သက်ေ-သပြတာ...."
သူ့စကားက သွန်းသိက္ခာကို လာစော်ကားနေတော့ ဒေါသကထွက်လာတော့သည်။
"မင်းတို့ သိက္ခာကို မစော်ကားနဲ့...."
"စော်ကားတာ မဟုတ်ဘူး... ရှင့်ကြောင့် ကိုကြီးက ကျမကို ရှောင်နေတာ..."
"တို့လုပ်ယူခဲ့တာ ဘာတစ်ခုမှ မရှိဘူး.... မိဘတွေ သဘောတူ စေ့စပ်ပေးတာကို လက်ခံခဲ့ရုံပဲ..."
"ရှင်ကိုယ်တိုင်ကိုက ကိုကြီးကို လက်မလွှတ်နိုင် ဖြစ်နေတာမလား..... သိက္ခာမရှိ..."
သွန်းရဲ့ သိက္ခာတရားကို ခဏခဏ ထိပါးလာတော့ သွန်းရဲ့ဒေါသတွေ တားမရဖြစ်လာတော့သည်။
"နှစ်ဖက်မိဘ သဘောတူ ကြည်ဖြူစွာနဲ့ စေ့စပ်ပေးတဲ့ တို့က သိက္ခာမရှိတာလား.... ယောက်ျားတစ်ယောက်နဲ့ လူမသိသူမသိ ဖြစ်ချင်တိုင်းဖြစ်ပြီးမှ အဲ့ယောက်ျားဆီကနေ အခွါခံရတဲ့ မင်းက သိက္ခာမရှိတာလားဆိုတာ ဦးနှောက်ပါရင် စဉ်းစားပေါ့...."
YOU ARE READING
Ma' s Mg
Romanceတစ်ယောက်နဲ့ တစ်ယောက် မသိကြပဲ မိဘတွေ သဘောတူလို့ ယူဖို့ ဖြစ်လာကြတဲ့ သူနှစ်ယောက်။ သျှန်နေခတစ်ယောက် လက်ထပ်ပွဲ ပျက်အောင် ဘယ်လိုတွေ ဖျက်မလဲ။ သူ မယူချင်ဘူး ပြောပြီးမှ အသည်းအသန်တွေ ဘယ်လိုချစ်မလဲ။