Ma' s Mg
Part -6
"မေမေနဲ့ဖေဖေ ညနေကျရင် ကျွန်တော် သွားစရာလေးရှိလို့ မ, ကိုခဏလာခေါ်ပါရစေ...."
စေ့စပ်ပွဲပီးချိန်ကျ သွန်းတို့ပြန်ခါနီး မောင်က ကားနားလိုက်လာကာ သွန်းမိဘတွေကို ခွင့်တောင်းလေသည်။ ကာယကံရှင် သွန်းကိုကျော်ကာ လောကွတ်ချော်နေသဖြင့် မောင့်ကို ကြည့်မရတော့ပါ။
"တို့မအားဘူး မနက်ဖြန် ကျောင်းမှာသင်ရမယ့် lecture တွေ ကြိုပြင်ရဦးမယ်...."
"လိုက်သွားလိုက်ပါ သမီးရယ် သျှန်လေးက ကိစ္စရှိလို့ နေမှာပါ ပြန်လာမှ လုပ်စရာရှိတာလုပ်...."
မေမေကပါ တိုက်တွန်းလာတာကြောင့် သွန်းငြိမ်နေလိုက်တော့သည်။ မောင် ကတော့ ပြုံးစိစိဖြင့် သွန်းကို မျက်စပစ်ပြနေသဖြင့် သွန်းလည်း မျက်စောင်းထိုးပစ်လိုက်သည်။
✨✨✨
"မ, ကျွန်တော် နောက်တစ်နာရီလောက်နေရင် လာခေါ်မယ်နော်...."
မောင် က ညနေသွားစရာရှိတယ်ဆိုသဖြင့် သွန်း မနက်ဖြန်သင်ရမည့် lecture တွေကို နေ့လည် အိမ်ပြန်ရောက်တည်းက ကြိုပြင်ဆင်နေမိသည်။ သွန်းက နောက်နေ့သင်မယ့်စာကို တစ်ရက်ကြိုတင်ကာ ပြင်ဆင်သွားတတ်သည်။ မဟုတ်လျှင် စာသင်ခန်းထဲကျ လိုအပ်သွားတာ ရှိမှာစိုးလို့ဖြစ်သည်။သွန်းတို့ အိမ်ပြန်ရောက်တော့ နှစ်နာရီထိုးတော့မှာဖြစ်ပီး အခု ၄နာရီထိုးခါနီးကျ မောင်က ဖုန်းခေါ်လာပြန်သည်။
"ဘယ်ကို သွားမှာလဲ....."
"ဘာလို့မေးတာလဲ....."
သွန်းရဲ့အမေးကို အမေးနဲ့ ပြန်ဖြေနေပြန်သည်။ သူနဲ့သွန်းက ဒီတစ်သက် အကြော တည့်ဖို့ သိပ်တော့မဖြစ်နိုင်။
"ဘာလို့ရမလဲ.... သွားမယ့်နေရာသိမှ တို့က အဝတ်စားရွေးလို့ရမှာပေါ့...."
"မ, မှာ မြန်မာဝတ်စုံကလွဲ တခြားရှိသေးလို့လား...."
သျှန် မ..... ကို စသိကတည်းက မြန်မာဝတ်စုံကလွဲလျှင် တခြားဝတ်တာ မတွေ့ဖူးတာကြောင့် မေးလိုက်မိသည်။
"ရှိမရှိသိချင်ရင် လာခေါ်ရင်ကြည့်လေ.... ကဲပါ ဘယ်သွားမှာလဲ ပြောဦး....."
YOU ARE READING
Ma' s Mg
Romanceတစ်ယောက်နဲ့ တစ်ယောက် မသိကြပဲ မိဘတွေ သဘောတူလို့ ယူဖို့ ဖြစ်လာကြတဲ့ သူနှစ်ယောက်။ သျှန်နေခတစ်ယောက် လက်ထပ်ပွဲ ပျက်အောင် ဘယ်လိုတွေ ဖျက်မလဲ။ သူ မယူချင်ဘူး ပြောပြီးမှ အသည်းအသန်တွေ ဘယ်လိုချစ်မလဲ။