Ma' s Mg
Part -11
"ခင်ဗျားကို ပြန်ခွင့် မပေးနိုင်တော့ဘူး မ...."
ပြန်ဖို့ တံခါးဖွင့်နေသော မ လက်ပေါ်မှ ထပ်ကိုင်ကာ သျှန် တံခါးကိုပြန်ပိတ်လိုက်ပြီး လော့ခ်ပါချလိုက်သည်။
"ဘာလုပ်တာလဲ.... သျှန်နေခ...."
တံခါးပိတ်လိုက်သော မောင့်ကြောင့် သွန်း နည်းနည်းတော့ လန့်သွားရ၏။
"ဘာလုပ်လဲ ပြောပြရမလား...."
"စိတ်မဝင်စားဘူး ဖယ် ပြန်မလို့...."
"ဒေါ်သွန်းပိုပိုချစ်တို့ အခုချိန်ကစပြီး ယောက်ျားရပြီ မှတ်လိုက်တော့...."
"ဟင်...."
မောင့် စကားကြောင့် သွန်း ပိုလန့်လာမိသည်။ သွန်းက စေ့စပ်ပွဲဖျ-က်ဖို့လာပြောတာကို ဘယ်ကဘယ်လို ယောက်ျားရသွားရသလဲ....
"အံ့ဩမနေနဲ့ မ..... ခင်ဗျားကို ကျွန်တော် ပြန်မလွှတ်တော့ဘူး......"
"ခ...."
"အော် အခုကျ ခ တဲ့လား ခုဏကကျ သျှန်နေခဆို....."
သျှန်လက်ပိုက်လျက် တံခါးကိုမှီ၍ မေးငေါ့ကာ မေးလိုက်တော့ မ ရဲ့ မျက်ဝန်းတွေက တကယ်လန့်နေသည့်ဟန်.... လှသည်.... ဘယ်အချိန်မှာ ဖြစ်ဖြစ် အမြဲလှနေသည့် မ..... ကို သျှန် လက်လွှတ် မခံနိုင်တော့ပေ.... သျှန်မှားခဲ့တဲ့ အမှားတွေကြောင့် မ... သာ သျှန့်အနား မရှိတော့လျှင် ရူးသွားနိုင်သည်။ မ... ကို ချစ်မိနေပြီမှန်း သေချာသွားတည်းက လက်မလွှတ်နိုင်တော့ပေ။
"အေး....အေးဆေး စကားပြောရအောင်နော် ခ..."
"အင်း တစ်သက်လုံး တူတူနေရတော့မှာဆိုတော့ နောက်မှ စကားပြောကြမယ်.... အခုတော့ နမ်းဦးမလို့...."
"မ... မဟုတ်.... ပြွတ်စ်....ပြွတ်စ်...."
သွန်းငြင်းချိန်တောင် မရလိုက်ပဲ သွန်းနှုတ်ခမ်းတွေကို မောင်က နမ်းလာတော့သည်။ နမ်းနေရင်းဖြင့် သွန်းကို ပွေ့ကာ မောင်လမ်းလျှောက်နေတာကို သိလိုက်သည်။ သွန်း ရုန်းသော်လည်း မလွတ်ပဲ ဖြစ်နေ၏။ မောင့်အနမ်း ရပ်သွားမှ သွန်းကြည့်လိုက်တော့ အိပ်ခန်း တစ်ခန်း ဖြစ်နေလေသည်။
YOU ARE READING
Ma' s Mg
Romanceတစ်ယောက်နဲ့ တစ်ယောက် မသိကြပဲ မိဘတွေ သဘောတူလို့ ယူဖို့ ဖြစ်လာကြတဲ့ သူနှစ်ယောက်။ သျှန်နေခတစ်ယောက် လက်ထပ်ပွဲ ပျက်အောင် ဘယ်လိုတွေ ဖျက်မလဲ။ သူ မယူချင်ဘူး ပြောပြီးမှ အသည်းအသန်တွေ ဘယ်လိုချစ်မလဲ။