Ma' s Mg
Part -12
"မ ကို မောင်ချစ်တယ်......"
မောင့်ဆီမှ ချစ်စကားကြားရတော့ သွန်းကိုယ်လေး တောင့်တင်းသွားရကာ စိတ်ထဲ ငိုချင်လာမိသည်။ မောင်က သွန်းကို ချစ်တယ်တဲ့လေ.... နောက်ဆုံးတော့ မောင့်ဆီက ချစ်တယ်ဆိုတဲ့စကား ထွက်လာတော့ သွန်း ပျော်လွန်းလို့ မျက်ရည် ဝဲလာ၏။ သွန်းဆီက အသံမကြားတော့ မောင်က သွန်းမျက်နှာကို ကြည့်လာသည်။
"ဟာ...... မ...... ဘာလို့ ငိုတာလဲ.... အရမ်းနာလို့လားဟင်..... ဆောရီးပါကွာ.... ပထမဆုံးမို့ပါ.... နောက်ဆို မနာတော့ဘူးနော်....."
မောင့်ဆီမှ ချစ်စကားကြားရလို့ ငိုတာပါဟု ဝန်မခံချင်တော့ မောင့်ကိုသာ ပြသနာရှာမိတော့သည်။ တကယ်လည်း သွန်းရဲ့ အောက်ပိုင်းက ပူထူကာ နာနေလေသည်။
"ဖယ်...... ဖယ်ပေး....."
"အော်.... အင်း... အင်း.... အရမ်း နာနေလား မ... ပြီးရင် မောင် ဆေးထည့်ပေးမယ်နော်....."
သွန်းပြောမှ မောင်က သွန်းအပေါ် အုပ်မိုးထားရာမှ ဖယ်ပေး၍ သူ့အရာကိုလည်း သွန်း အတွင်းထဲမှ ထုတ်ပေးလေသည်။
"မလိုဘူး...... ကိုယ့်ဟာကိုယ် လုပ်မယ်...."
"ကိုယ့်ဟာကိုယ် မလုပ်ပါနဲ့ဗျာ.... မောင့်မိန်းမလေးကို မောင်က ပြန်ပြုစုပေးပါရစေ...."
"ဘာမိန်းမလဲ...."
"ဘာမိန်းမရမလဲ.... မက မောင့်ရဲ့ မိန်းမလေ.... အခုဆို မောင်တို့ သွေးသားချင်းတောင် ဖလှယ်ပြီးကြပြီ...."
"ရှက်စရာတွေ လာပြော မနေနဲ့ ကတိမတည်တဲ့သူရဲ့......"
"ဟာ..... မောင့်ကို စွတ်စွတ် စွဲစွဲကွာ.... ပြောပါဦး မောင်က ဘာကတိ မတည်လို့လဲ....."
"မနေ့ညက ဖက်အိပ်ရုံပဲ ဘာမှ မလုပ်ပါဘူးဆို...."
မ က ဘေးနားက စောင်ကို ဆွဲခြုံကာ သျှန့်ကို စူပုတ်ပုတ်လေးဖြင့် ပြောလာ၏။ တကယ်ပါ နှစ်ဆယ့် ခုနှစ်နှစ်ပြည့်တော့မည့် မိန်းကလေးတစ်ယောက်က အခုလောက်ထိ ချစ်ဖို့ကောင်းလိမ့်မယ် မထင်ထားခဲ့ပါ။ သျှန်လည်း ကိုယ့်အပြစ်နဲ့ကိုယ်မို့ ပြုံးစိစိလုပ်နေလိုက်သည်။
YOU ARE READING
Ma' s Mg
Romanceတစ်ယောက်နဲ့ တစ်ယောက် မသိကြပဲ မိဘတွေ သဘောတူလို့ ယူဖို့ ဖြစ်လာကြတဲ့ သူနှစ်ယောက်။ သျှန်နေခတစ်ယောက် လက်ထပ်ပွဲ ပျက်အောင် ဘယ်လိုတွေ ဖျက်မလဲ။ သူ မယူချင်ဘူး ပြောပြီးမှ အသည်းအသန်တွေ ဘယ်လိုချစ်မလဲ။