"ရှောင်းကလည်းဗျာ လိုက်ပို့ပါနော်~ နော်လို့ "" ငါမအားဘူးလို့ပြောနေတယ်လေ ရိပေါ်
မင်းသူငယ်ချင်းတွေက ဘယ်ရောက်ကုန်လို့လဲ "" ကျွန်တော်က ရှောင်းနဲ့ဘဲ သွားချင်တဲ့ဟာကို "
" ကျစ်~ "
ရှောင်းကျန့်တစ်ယောက် သူနဲ့အတူတူနေ့လယ်စာလိုက်စားပေးဖို့ရန် ရုံးခန်းထဲထိလာပြီး သူ့ကိုဂျစ်တိုက်ပူဆာနေသော ဝမ်ရိပေါ်ဆိုတဲ့တစ်ယောက် ကြောင့်တော်တော်လေးကိုစိတ်ရူပ်နေရသည်စီးပွားရေးအရ ပတ်သတ်ရင်းနှီးမိခဲ့တဲ့ ဝမ်အိမ်တော်က သားထွေးလေးဖြစ်တဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်အပေါ်သိပ်တွယ်ကပ်လွန်းသည် တွယ်ကပ်ရုံဘဲလားဆိုရင်တော့ ဘယ်ဟုတ်လေမလဲ ဒင်းက ရှောင်းကျန့်ကို ချစ်ပါတယ်ဆိုပြီးတော့တောင်ဖွင့်ပြောထားသေးတာ ရှောင်းကျန့်ဘယ်လောက်ဘဲ ငြင်းငြင်း ဘယ်လောက်ဘဲ ပစ်ပစ်ခါခါပြောပါစေ ဝမ်ရိပေါ်တို့က မနာတတ်သလားတော့မသိ ဘယ်လိုမှကိုအနားက ခွာထုတ်လို့မရတာပင်
ထိုတစ်ယောက်က လွန်ခဲ့တဲ့တစ်နှစ်ကမှ us ကနေကျောင်းတက်ပြီးပြန်လာတဲ့ ဝမ်အိမ်တော်ကိုပြန်ရောက်ရောက်ချင်းနေ့မှာဘဲ ဝမ်ဥက္ကထကြီးက သူ့သားငယ်လေးကို ပွဲထုတ်ခဲ့တာ ရှောင်းကျန့်အနေနဲ့ကတော့ စီးပွားရေးအရရော လူမှုရေးအရပါ ထိုပွဲကိုမတက်မဖြစ်တက်ခဲ့ရသည် ပြသနာက ထိုကနေစလေသည်ဘဲ
ထိုဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးက မြင်မြင်ချင်းရှောင်းကျန့်ကို ဘယ်လိုကနေဘယ်လိုသဘောကျသွားသလဲမပြောတတ်ထိုနေ့ကစပြီး အခုလိုဘဲရှောင်းကျန့်နောက်တကောက်ကောက်လိုက်လို့တွယ်ကပ်နေလေရဲ့ ဟိုမှာနေကတည်းက ထိုကလေးက boyfriend တွေတစ်ယောက်ပြီးတစ်ယောက်ထားခဲ့တာကိုလည်း ရှောင်းကျန့် သတင်းသဲ့သဲ့ ကြားခဲ့ပြီးသားပင် ဝမ်အိမ်တော် တစ်ခုလုံးက ထိုကလေးရဲ့သတင်းတွေကိုကြားပေမဲ့လို့လွှတ်ထားပေးကြသည် ဒါကြောင့်လည်း ဒီဟာလေးက ဒီလောက်ထိ ဆိုးသွမ်းနေရတာပင်
အရင်က ရှောင်းကျန့်ဆီရောက်လာဖူးတဲ့ မိန်းမ ယောင်္ကျားဘယ်သူ့ကိုမဆို ပညာသားပါပါရှောင်ခွင်းလို့ရခဲ့တာကြီးဘဲ သို့ပေမဲ့လို့ ဒီဝမ်ရိပေါ်ဆိုတဲ့တစ်ယောက်နဲ့ကျမှ ရှောင်းကျန့်မှာ ဘယ်လိုပြေးပြေးလို့မလွတ်တော့တာပင် တစ်ပတ်ကို လေးရက်လောက်ရှောင်းကျန့်ရဲ့ ရုံးခန်းဆီလာပြီး အခုလိုဘဲ သူနဲ့အပြင်လိုက်ဖို့ တစ်ခုမဟုတ်တစ်ခုပူစာနေကြ ကျန်တဲ့သုံးရက်ကတော့ ရှောင်းကျန့်ရဲ့အိမ်မှာ ကိုယ်တိုင်သွားစောင့်လေ့ရှိသည် အိမ်က ရှောင်းကျန့်ရဲ့ပါးပါးနဲ့မားမားကလည်း ကလေးချစ်တတ်သူပီပီ သူတို့မြေးအရွယ် ဒီငဆိုးလေးကို တအားတွေချစ်နေကြတာ တစ်ပတ်ကိုသုံးရက် ရှောင်းကျန့်အိမ်ကိုထိုကလေးလာတဲ့နေ့တွေတိုင်း ညပါခေါ်အိပ်တတ်ကြသည် ထိုကလေးက ရှောင်းကျန့်အား အပိုင်ဖမ်းနေသည်ကို မိဘနှစ်ပါးက သိနေပါသော်လည်း ဝမ်ဝမ် ဝမ်ဝမ်နဲ့ကိုဖြစ်နေတော့တာပါဘဲ
YOU ARE READING
This Is Call Love
Hayran Kurguငါကလေးတွေကိုမချစ်ဘူးဝမ်ရိပေါ် #xiaozhan အဲ့တာဆိုလည်းကျွန်တော်အသက်ကြီးတဲ့အထိစောင့်ပေးမလားရှောင်း #wang yibo