Ep 15 (uni)

6K 500 27
                                    

"သူများကို စိတ်ဒုက္ခပေးလိုက်‌ရတော့ တော်တော်မှပျော်နေရဲ့လား"

သင်္ခတို့ပြန်သွားပြီးနောက် ခပ်ထေ့ထေ့ထွက်လာတဲ့ ခက်ရဲ့အသံကြောင့် အားလုံးကရုတ်တရက်ကြောင်အ,သွားကြ၏။ အိမ့်မှူးကတော့ မျက်နှာကွက်ခနဲပျက်သွားသည်။ ခက်က အိမ့်မှူးမျက်နှာအား စေ့စေ့စိုက်ကြည့်လိုက်ကာ

"ငါနင့်ကို အရမ်းစိတ်ပျက်သွားပြီ အိမ့်မှူး...နင့်မှာအဲ့လိုစိတ်မျိုးရှိလိမ့်မယ်လို့ ငါလုံး၀မထင်ထားတာ
နင့်အစားငါရှက်လွန်းလို့...နောက်တစ်ခါခုလိုကိစ္စမျိုးထပ်ရှိရင် သင်္ခကိုငါကိုယ်တိုင်သွားပြောရလိမ့်မယ်"

ဒုန်း!

ပြောပြီးတာနဲ့ ခက် ထိုင်ခုံကိုတမင်အသံမြည်အောင်တွန်းတိုက်ကာ ထပြန်လာခဲ့လိုက်သည်။ အိမ့်မှူးနဲ့သူ
ခင်တာ ၆နှစ်ကျော်ရှိပြီ။ သင်္ခတို့ ဓနတို့လည်း နည်းတူပဲ။ အားလုံးက သူ့သူငယ်ချင်း‌တွေချည်း...။ခုနက သူ toilet လာရင်းနဲ့ အိမ့်မှူးပြောတာကို မတော်တဆကြားခဲ့ရတာ။ လပြည့်ကိုတော့ကွယ်ရာမှနှိမ့်ချပြီး သင်္ခရှေ့မှာတော့ ဘာမှမဖြစ်သလို နေနိုင်တာကိုလည်း အံ့ဩ၍မဆုံး။ အိမ့်မှူးကို အဲ့လိုယုတ်ညံ့တဲ့ကိစ္စမျိုးလုပ်လိမ့်မယ်လို့ လုံး၀မထင်ထား။ တကယ်စိတ်ပျက်မိသလို ကြားထဲက သင်္ခကိုအားနာရ၏။

ဓနတို့သုံးယောက်သားကတော့ ဘာကဘာဖြစ်မှန်းမသိ သူတို့မှာထပဲပြန်ရတော့မှာလိုလို ဆက်ပဲစားရတော့မှာလိုလိုဖြစ်နေကြသည်။ သူတို့ခန့်မှန်းမိသလောက်ဆို
သင်္ခအသေးလေး မျက်နှာမကောင်းတာ အိမ့်မှူးနဲ့ဆိုင်နေလိမ့်မည်။

"အိမ့်မှူး နင်တို့ ဘာဖြစ်ကြလဲမသိပေမဲ့ ဒါက သင်္ခနဲ့ဆိုင်နေမယ်ဆို နင်ဆက်မလုပ်တော့ဖို့ ငါတောင်းဆိုတယ်"

ဓနစကားမှာ အိမ့်မှူးက မျက်နှာလွှဲသွား၏။

"သင်္ခက ဘာကြောင့်ပဲ အိမ်ထောင်ကျခဲ့ခဲ့... အခု သူ့ဇနီးကိုတကယ်ချစ်တယ်ဆိုတာ သိထားစေချင်တယ်"

"ဖောက်ပြန်မှုကျူးလွန်နေမှ မဟုတ်ဘူး ကိုယ့်စကားတစ်ခွန်းကြောင့်သူများအိမ်ထောင်ရေးအဆင်မပြေဖြစ်သွားရင်လည်း အဲ့တာသူများအိမ်ထောင်ကို ဖျက်စီးတာနဲ့အတူတူပဲ"

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now