အခန်း (၅)
"Ring 🎼ခဏတာ ဝေးချိန် အလွမ်းတွေ ဝင်လာတယ်🎵
🎵ငါမင်းကို သတိရနေပါတယ်🎶
🎶မင်းအသံလေးကြားချင်နေတယ်🎼
🎵မနက်ခင်းတွေ နိုးထ🎶
🎶ငါကြိုးစား ဘဝကို🎼
🎼မင်းလေး အတွက်ပါပဲ🎵
🎼အလုပ်တွေ ရှုပ်လို့ ဗွေမယူနဲ့🎶
🎵ပြန်တွေ့နိုင်ဖို့ ကြိုးစားနေတယ်🎼"သျှန် customer တစ်ယောက်၏ computer ထဲကို software တစ်ခု ထည့်ပေးနေစဉ် ဖုန်းမြည်သံကြောင့်
"ခဏနော် "
Customer ဆီ ခွင့်တောင်းလို့
"ဟဲလို"
"..."
"သက်မိုး "
"...."
"sorry ကွာ၊ဖုန်းဆက်မယ် ဖုန်းဆက်မယ်နဲ့ မဆက်ဖြစ်တာ"
"..."
"ဆုံမယ်ကွာ"
"..."
"အိမ်ကိုလား လာခဲ့လေ၊မမလည်း ပြန်ရောက်နေတယ်"
"...."
"Ok bye ,see you"သူငယ်ချင်း သက်မိုးဇင်အား နှုတ်ဆက်လို့ သျှန် ပြန်လည်ကာ အလုပ်လုပ်နေမိသည်။
"ကိုဖြိုး "
"ဗျာ ကိုသျှန် "
"လာအုံးကွာ"Computer Hardware ကော Software ကော ကျွမ်းကျင်တဲ့ ကိုဖြိုးကိုခေါ်ကာ
"ဒီအလုံးမှာ လိုအပ်တဲ့ app တွေ ထည့်ပေးပြီးပြီ၊ကျန်တာ ဆက်ကိုင်လိုက်တော့"
"ဟုတ် ကိုသျှန်"ကိုဖြိုးဆိုသူလက်ထဲ ထားခဲ့ပြီး သျှန် စိုင်းဟိန်းတို့ ဆိုင်ဆီ ထွက်လာခဲ့လေသည်။ စိုင်းဟိန်းတို့ဆိုင်သည် ယောက်ျားဝတ် လက်ပတ်နာရီမျိုးစုံ တင်သွင်းရောင်းချသော ဆိုင်ပင်။
စိုင်းဟိန်းတို့ဆိုင်ဟာ သူ့ဆိုင်နှင့်တစ်လမ်းသာ ခြားလေ၏။ ဆိုင်အရှေ့ ကားရပ်ဆင်းကာ အထဲသို့ ဝင်လိုက်သည်နှင့်
"ဟားးး ဟေ့ကောင်သျှန်၊မင်းကွာ မတွေ့တာကြာပြီ၊ဟာကွာ ငါတို့ကိုတော့ ဆက်သွယ်သင့်ပါတယ်"
သျှန် စိုင်းဟိန်းအား ပြုံးပြနှုတ်ဆက်လို့
"Sorry ကွာ "
"အခု အပြီးလာတာလား၊ကလောပြန်အုံးမှာလား"
"လောလောဆယ် မမရှိနေသရွှေ့တော့ နေဖြစ်အုံးမယ်"
"ကျွတ် သျှန်ဟာ ၊ငါဘယ်လို အားပေးစကားပြောရမှန်းလဲ မသိတော့ပါဘူး၊ပြောချင်တာ တစ်ခုကတော့ကွာ ၊မင်း ရွှေဘုံ့ကို မေ့ဖြစ်လိုက်၊မင်းနှလုံးသားက ထက်ခုန်လာမဲ့ ကောင်မလေးကို ရှာဖွေတော့"
"အဟက် မင်းပြောသလို လွယ်ပါ့မလား"
YOU ARE READING
သက်ဆုံးတိုင် မခွဲချင်
Romance၅ နှစ်တာ ချစ်ခဲ့တဲ့ချစ်သူရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရလို ၁ နှစ်ကျော် လေလွှင့်နေတဲ့ သျှန်၊သျှန့်မမရဲ့ တစ်ပည့်မလေးကို တွေ့ပြီးမှ ရင်ခုန်သံတွေ အသစ်ပြန်ဖြစ်မလား၊ချစ်သူဟောင်းကိုပဲ တမ်းတလွမ်းဆွတ်နေမလား မျက်နက်ဝန်းလေးနဲ့ မျက်စောင်းထိုးတိုင်း ရယ်မောလိုက်တို...