အခန်း (၈)
"မာမီ ညီတို့ ပြည်ရောက်တော့ အဆင်ပြေတယ်တဲ့လား"
"ပြေတယ် သားကြီး၊သားငယ်လေးတို့ နှစ်ယောက် ကိုထွဋ်တို့အိမ်မှာ နေတာ၊သမီးနန်းကတော့ ကျောင်းတွင်း အဆောင်ထဲ ပြန်နေပြီတဲ့လေ"ထွန်းသစ်ဟန် မာမီ့အပြောကို ခေါင်းညိမ့်လို့ လက်ကျန်ကော်ဖီအား မော့ကာ သောက်ဖြစ်လိုက်လေသည်။
"မာမီ သားကုမ္ပဏီသွားတော့မယ်"
"အေး သား"
"ဒယ်ဒီကတော့ဒီနေ့ နားမယ် သားရေ"
"နားပါ ဒယ်ဒီရာ၊ဒီနေ့ အမှာစာတွေ အကုန် လက်မှတ်ထိုးပေးလိုက်တော့မယ် ဒယ်ဒီ"
"စိတ်ကြိုက်လုပ်သားရာ"ဦးစိုင်းထွန်းဟန် သားကြီးအား ပြောကာ မနက်စာ ဆက်စားနေမိသည်။ သားကြီးထွက်သွားလေမှ
"ခမ်း သားငယ်လေး ပြန်လာရင် သားကြီးတို့ လက်ထပ်ပွဲ ပြင်ဆင်ဖို့ လုပ်တော့"
"အင်းပါ ခမ်းစီစဉ်ပါ့မယ်၊ကို့ကို ခမ်းတစ်ခုပြောရအုံးမယ်"
"ဘာလဲ ခမ်း"
"သားငယ်လေးကို ကိုမင်းဆွေနဲ့ ဒေါ်ခိုင်ခူးဝေ
တို့ သမီးလေးနဲ့ နေရာချထားပေးရင် မကောင်းဘူးလား"
"ဟင် မင်း သားငယ်လေးက ရည်းစားဟောင်းကို မေ့နိုင်လို့လား "ဒေါ်နန်းခမ်းအောင် ခင်ပွန်းသည်၏ အပြောကြောင့်
"မမေ့နိုင်စရာလား ကိုရယ်၊သားက ဆရာဝန်မဖြစ်တာနဲ့ပဲ သူတို့မိသားစုထဲ ဝင်မဆန့်တော့ဘူးလား၊အတွေးတိမ်လွန်းတဲ့ သူ့သမီးဆရာဝန်ထက် ကိုမင်းဆွေ သမီးက အဆတစ်ရာသာတယ်"
"မင်းသဘောပါ၊ဒါပေမဲ့ မင်းသားကို သေချာမေးပြီးမှ လှုပ်ရှား"ဒေါ်နန်းခမ်းအောင် ကျေနပ်အပြုံး ပြုံးနေမိသည်။ သားငယ်လေးတို့ ပြည်သွားတဲ့ မနက်ခင်းက Beauty Salon မှာ ဆံပင်သွားပြင်စဉ်က တွေ့ခဲ့တာ။
"ဟယ် ခိုင်"
"နန်းခမ်း မတွေ့တာကြာပြီနော်"
"ဟုတ်တယ် ဘယ်လာတာလဲ ခိုင်"
"ဒီမှာလေ သမီးကို လာကြိုတာ"ခိုင်လက်ညှိုးထိုးပြရာ နေရာကို ကြည့်မိရာ
"ခိုင့်သမီးလား ချစ်စရာလေးပဲ"
"ကျေးဇူးပါ နန်းခမ်းရေ၊တို့တွေ တစ်ရက်လောက်ဆုံရအောင်"
"ဆုံမယ် ခိုင်၊ဖုန်းဆက်မယ်လေ ခိုင်"ခိုင်နဲ့ Beauty Salon ကနေ လမ်းခွဲကာ ပြန်လာပြီး ၂ ရက်မြှောက်နေ့တွင် ခိုင်တစ်ယောက် ခမ်းဆီ ဖုန်းဆက်လာလေ၏။
တွေ့ကြရအောင်လေတဲ့။
YOU ARE READING
သက်ဆုံးတိုင် မခွဲချင်
Romance၅ နှစ်တာ ချစ်ခဲ့တဲ့ချစ်သူရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရလို ၁ နှစ်ကျော် လေလွှင့်နေတဲ့ သျှန်၊သျှန့်မမရဲ့ တစ်ပည့်မလေးကို တွေ့ပြီးမှ ရင်ခုန်သံတွေ အသစ်ပြန်ဖြစ်မလား၊ချစ်သူဟောင်းကိုပဲ တမ်းတလွမ်းဆွတ်နေမလား မျက်နက်ဝန်းလေးနဲ့ မျက်စောင်းထိုးတိုင်း ရယ်မောလိုက်တို...