အခန်း (၁၂)
"ကိုသျှန် လျှိုတယ်ဗျာ၊ကိုသျှန်ရဲ့ ပျော်ရွှင်မှုကို ဂုဏ်ပြုဖို့ တစ်ဝိုင်းကျွေးဗျာ"
"အေးပါကွာ၊ငါ့သူငယ်ချင်းတွေ ကျွေးရင် မင်းတို့ပါ ဖိတ်မယ်"
"ဝိုး ကိုသျှန် အကောင်းဆုံး"
"ဒါမှ တို့ ကိုသျှန်"
"ကိုသျှန် အပြုံးတွေ တည်တံ့ခိုင်မြဲပါစေ"Rainbow Computer အရောင်းဆိုင်တစ်ဆိုင်လုံးရှိ ဝန်ထမ်းအားလုံး၏ အသံသည် ဆိုင်အတွင်း သောသောညံလို့ သွားရလေ၏။
"ကိုသျှန် တောင်ကြီးသူမဟုတ်ဖူးမို့လား"
"အင်း ပြည်သူလေး"
"Wow လှတယ်ဗျာ"
"ကျစ် သူရနိုင်"
"ဟာ မဟုတ်ဘူး ကိုသျှန်ရာ၊ဒီအတိုင်း ချီးကျူးတာ"ကိုသျှန့်အနားထိုင်နေသော ပန်းလဝန်းရိပ်ဆိုတဲ့ ကိုယ်တွေထက်တောင် ငယ်တဲ့ ကောင်မလေးကို လှကြောင်းချီးကျူးတာတောင် သဝန်တိုနေတဲ့ ကိုသျှန့်ကြောင့် သူရနိုင် အမြန်ဖြေရှင်းရသည်။
"ဟ နင်တို့က အလုပ်မလုပ်တော့ဘူးလား"
"လုပ်မှာပေါ့ ကိုသျှန်ကလဲ၊နေ့လယ် ရောက်ပြီ၊ Pre-dinner အတွက် နေ့လယ်စာ အရင်ကျွေးဗျာ"
"ဟုတ်တယ် ကိုသျှန်"
"မှန်တယ် ကိုသျှန်"
ကျော်သက်ဆွေ၏ စကားကို အကုန်လုံး ဝိုင်းကာ ထောက်ခံလို့ သျှန် ပြုံးကာ"လဝန်းလေး နေ့လယ်စာ စားမယ်မို့လား"
"ဟုတ်"
"အိုကေ ဆိုင်ရှိလူအားလုံးနဲ့ ကိုယ်တို့နှစ်ယောက်စာပါ ပေါင်းပြီး မှာလိုက်"
"ဟေးး "သျှန်ရဲ့ အဖြေစကားရသည်နှင့် ကျောင်သက်ဆွေအပါအဝင် သူရနိုင်ပါမကျန် အားလုံးစားမဲ့ ဟင်းတွေ မှာသလို
"ကိုသျှန်တို့အတွက် ဘာမှာရမလဲ"
"လဝန်းလေး ဘာစားမလဲ"
"လဝန်းမသိဘူးလေ ကိုကိုမှာလေ"
"အင်း ပုဇွန်က အိမ်မှာချက်တယ်၊ဒါဆို ကြက်ကောင်လုံးပေါင်း နဲ့ ဟင်းချိုပါ ပါအောင်ဝယ်၊လဝန်းက အရည်မပါရင် မစားတတ်ဘူး"
"ဟားး ဟုတ်ကဲ့ပါ ကိုသျှန်ရာ"ကျော်သက်ဆွေတို့ ဟင်းတွေ သွားဝယ်စဉ် သျှန် လဝန်းလက်လေးဆွဲကာ ရုံးခန်းဆီ ပြန်လာခဲ့သည်။
သူ့ကိုယ်ပိုင် Laptop ကိုယူ၍ ဆိုဖာထက် အတူထိုင်ကာ
"ကိုကို အလုပ်လုပ်အုံးမယ်၊လဝန်း နေတတ်ရဲ့လား"
"ဟုတ် ကိုကို"သျှန်တစ်ယောက် Computer Brand New အသစ်တွေ တင်သွင်းရန် ဈေးကွက်များ လေ့လာနေမိသည်။ လဝန်းကတော့ ကိုကို့အနားထိုင်လို့ စာများဖတ်နေမိသည်။
YOU ARE READING
သက်ဆုံးတိုင် မခွဲချင်
Romance၅ နှစ်တာ ချစ်ခဲ့တဲ့ချစ်သူရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရလို ၁ နှစ်ကျော် လေလွှင့်နေတဲ့ သျှန်၊သျှန့်မမရဲ့ တစ်ပည့်မလေးကို တွေ့ပြီးမှ ရင်ခုန်သံတွေ အသစ်ပြန်ဖြစ်မလား၊ချစ်သူဟောင်းကိုပဲ တမ်းတလွမ်းဆွတ်နေမလား မျက်နက်ဝန်းလေးနဲ့ မျက်စောင်းထိုးတိုင်း ရယ်မောလိုက်တို...