အခန်း (၁၇)
"ကိုသျှန်"
"အင်း"
Laptop တစ်လုံးဖြင့် အလုပ်လုပ်နေတဲ့ သျှန့်ရုံးခန်း ဝင်လာသော သူရနိုင်။
"ကိုသျှန့်ကို မနေ့ကပြောထားတဲ့ ဆေးရုံမှာ CCTV တပ်ဖို့ ကိစ္စ ပြန်ဆက်သွယ်ပြန်ပြီ"
"မလုပ်နိုင်ဘူး အပြတ်ငြင်းထားတယ်လေ"
"ဟုတ်တယ် အခုက လူကိုယ်တိုင် လာတာ"
"ကျစ် ဘယ်မှာလဲ"
"အပြင်မှာ စောင့်နေတယ် ကိုသျှန်"
"တစ်ခုခုနဲ့ ဧည့်ခံထားလိုက် လာခဲ့မယ်"သူရနိုင် ခေါင်းညိမ့်အဖြေပေးပြီး အပြင်ထွက်သွားသည်နှင့် သျှန်လုပ်လက်စ ငွေစာရင်းတွေ ထည့်ပြီး စာရင်းချုပ်လို့ပြီးလေမှ အရှေ့သို့ ထွက်လာခဲ့မိလေသည်။
"သူရနိုင် ဘယ်မှာလဲ"
"ဟိုမှာ ကိုသျှန်"သူရနိုင်ညွှန်ပြရာ နေရာအထိ သျှန်သွားကာ ဧည့်သည်အမျိုးသမီးရှေ့တည့်တည့် ဆိုဖာတွင် ဝင်ထိုင်လိုက်လေသည်။
"အားနာလိုက်တာ ဆိုင်အထိ လိုက်လာပြီး စောင့်နေခိုင်းမိလို့"
"အို ရပါတယ်၊ ကိုသျှန်သတ္တိဆိုတာလား"
"ဟုတ်ပါတယ်"
"ကျွန်မနာမည် ဝတ်မှုန်လွှာပါ၊မျိုးဆက် CCTV ဆိုင်ကလွှတ်လိုက်တာ၊သူက ဝေးတော့ မလာနိုင်ဘူးတဲ့လေ၊ကိုသျှန်သတ္တိတို့ Rainbow Computer အရောင်းဆိုင်မှာ ရှိတယ် လမ်းညွှန်လိုက်လို့ပါ"ထိုအမျိုးသမီး၏ စကားကို သျှန်ခေါင်းညိမ့်ပြပြီး
"ဟုတ်ပါတယ် ၊ကျွန်တော်တို့ဆိုင်က တစ်လောကမှ တင်တာပါ၊CCTV Services သမားကောင်လေးက သူ့အမေနေမကောင်းလို့ ခွင့်ယူထားရတယ်၊ဒါကြောင့် Services ဆင်ပေးဖို့ ငြင်းဆန်မိတာပါ""ဟယ် ကိုသျှန်သတ္တိ ကျွမ်းကျင်တယ်ဆိုလို့ Services အပ်ချင်တာပါ"
"ဗျာ"
ထိုအမျိုးသမီး၏ အပြောကို သျှန်အံ့ဩကာ ဗျာထူးမိလေသည်။"ဟုတ်ပါတယ် အကူအညီတောင်းခံတာပါ ၊ကူညီပေးပါနော်၊ဆေးရုံ ဖွင့်ပွဲက နီးကပ်လာပြီး အတွင်းဝန်ဆောင်မှုတွေက အခုထိ မပြီးသေးလို့ပါ"
"Ring 🎶ထစ်ခနဲဆို စိတ်တိုတတ်တာ ဘယ်သူလေးလဲ🎵ငါ့ဘဝကို ဆွဲကိုင်လှုပ်တာ သူလေးပဲ🎶
🎼စိတ်ကောက်ရင် ဖုန်းကိုပိတ်တာ ဘယ်သူလေးလဲ🎵
🎶ငါ့အချော့ကို စောင့်နေခဲ့တာ သူလေးပဲ🎵
🎼ဒီရင်ခွင်မှာ ထာဝစဉ်ခိုလှုံပါ🎶
🎶အဝေးကို ထွက်မသွားလိုက်ပါနဲ့🎼
🎵ထာဝရမင်းကို ခွင့်လွှတ်ကာ ချစ်မယ်🎶
🎵ထာဝရမင်းကို အလိုလိုက်ပြီး ငါချစ်မယ်🎼ငါအနမ်းမိုးတွေ ရွာချပစ်ချင်မိတယ်🎶ငါ့ဘဝမှာ မင်းတစ်ယောက်ထဲသာ ရှိတယ်🎵
🎶အချိန်နာရီတိုင်း🎼
🎵ရင်ခုန်နေတိုင်း🎶
🎶ငါ့ကမ္ဘာထဲမှာ🎶
🎵မင်းတစ်ယောက်ထဲပါပဲ🎼"
YOU ARE READING
သက်ဆုံးတိုင် မခွဲချင်
Romance၅ နှစ်တာ ချစ်ခဲ့တဲ့ချစ်သူရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရလို ၁ နှစ်ကျော် လေလွှင့်နေတဲ့ သျှန်၊သျှန့်မမရဲ့ တစ်ပည့်မလေးကို တွေ့ပြီးမှ ရင်ခုန်သံတွေ အသစ်ပြန်ဖြစ်မလား၊ချစ်သူဟောင်းကိုပဲ တမ်းတလွမ်းဆွတ်နေမလား မျက်နက်ဝန်းလေးနဲ့ မျက်စောင်းထိုးတိုင်း ရယ်မောလိုက်တို...