အခန်း (၁၈)
ကြားလိုက်ရတဲ့ သတင်းစကားကြောင့် လဝန်းတစ်ယောက် ရင်ကို ဆူးအပ်နဲ့ထိုးစွသလို နာကျင်ရလေသည်။
"တီချယ် အဟင့်"
"လဝန်းလေးးး "
"ကိုကို အဟင့် ဟင့်"
"အင်း တီချယ်သိပါတယ် လဝန်းလေးရယ်"
"သမီးနန်း ရောက်လာပြီလား"
"ဟုတ် အန်တီ ၊ကားလဲ ရောက်လာပြီ"
"ဒါဆို အန်တီတို့ သွားကြမလား"
"ဟုတ်ကဲ့ အန်တီ"ရန်ကုန်ကို ကားဖြင့်သွားကာ ရန်ကုန်ကနေ လေယာဉ်ဖြင့် ဟဲဟိုးသို့သွားရောက်မည်သာ ဖြစ်သည်။တောင်ကြီးကနေ စိုင်းဟိန်းနှင့်သက်မိုးတို့နှစ်ယောက် မောင်လေးဖြစ်ဖြစ်ခြင်း လာရောက်ခဲ့ခြင်းပင်။ဖုန်းဖြင့်အကြောင်းကြားသည့်အခါ နန်းတို့ခက်ခဲမည်ဆိုးကာ လူကိုယ်တိုင်ရောက်လာခြင်းပင်။
လဝန်းလေးတို့ သားအမိ၊သားအဖတို့ သုံးယောက်အပြင် နန်းပါ လိုက်ပါမည်သာ။
"မမတို့ သွားကြမယ် မောင်လေး"
"ဟုတ် မမ"
လဝန်းလေးအား နန်းနှင့်အတူ လဝန်း၏မိခင် ဒေါ်ခက်စောယဉ်တို့ တွဲဖက်ကာ ခေါ်ဆောင်၍ ကားပေါ်သို့ တက်စေလိုက်လေသည်။
စိုင်းဟိန်းကားအား သတိထား မောင်းနှင်နေရသလို နန်းနှင့်ဒေါ်ခက်စောယဉ်ပါ လဝန်းလေးအား ထိန်းဖက်ထားပေးနေရလေသည်။"တူ တူ တူ တူ Ring "
"သက်မိုး "
"အင်း ငါကိုင်လိုက်မယ်"
စိုင်းဟိန်း၏ဖုန်းမြည်သံကြောင့် သက်မိုးအား ဖုန်းကိုင်ခိုင်းရလေ၏။
"ဟဲလို"
"...."
"စိုင်းဟိန်းက ကားမောင်းနေတယ် "
"ဘယ်သူလဲ သက်မိုး"
"အလုပ်က "
"နောက်မှ ပြန်ဆက်မယ်လို့ ပြောလိုက် သက်မိုး"
"နောက်မှ စိုင်းဟိန်း ပြန်ဆက်လိမ့်မယ်၊ကျွန်တော်တို့ အရေးကြီးလို့"သက်မိုးဖုန်းချကာ ဒက်ဘုတ်ျပါ်တင်ထားလိုက်လေသည်။ ပြည်မှ ရန်ကုန်သို့ မနားတမ်း မောင်းထွက်လာခဲ့ကြလေသည်။ ပြည်ကနေ မနက် ၉ နာရီထွက်လာခဲ့ရာ ပဲခူးတိုင်းဒေသကြီးထဲက သာယာဝတီမြို့သို့ လွန်သည်နှင့် ၁၂ နာရီ ထိုးခဲ့လေသည်။
"စိုင်းဟိန်း မင်းနားလေ ၊ငါမောင်းမယ်"
"အင်းး"
သက်မိုးနှင့်စိုင်းဟိန်းတို့ နေရာချိန်းလိုက်ပြီး ကားအားမောင်းထွက်လာခဲ့ကြလေ၏။ စိုင်းဟိန်း အန်တီ့ဆီ ဖုန်းဆက်ကြည့်မိလေ၏။
"အန်တီ သျှန့်အခြေအနေ"
"....."
"သတိမရသေးဘူးလား"
"...."
"ဟုတ်ကဲ့ အန်တီ၊နောက်ထပ် နှစ်နာရီလောက်ဆို
ရန်ကုန်ကို ရောက်ပြီ"
"......"
"စိတ်ချပါ အန်တီ၊မမနန်းလည်း ပါတယ်၊လဝန်းတို့ မိသားစုတွေအကုန် ပါတယ်"
"....."
"ဟုတ်ကဲ့"
YOU ARE READING
သက်ဆုံးတိုင် မခွဲချင်
Romantizm၅ နှစ်တာ ချစ်ခဲ့တဲ့ချစ်သူရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရလို ၁ နှစ်ကျော် လေလွှင့်နေတဲ့ သျှန်၊သျှန့်မမရဲ့ တစ်ပည့်မလေးကို တွေ့ပြီးမှ ရင်ခုန်သံတွေ အသစ်ပြန်ဖြစ်မလား၊ချစ်သူဟောင်းကိုပဲ တမ်းတလွမ်းဆွတ်နေမလား မျက်နက်ဝန်းလေးနဲ့ မျက်စောင်းထိုးတိုင်း ရယ်မောလိုက်တို...