အခန်း (၂၃)

409 13 0
                                    

အခန်း (၂၃)

နှင်းငွေ့တွေ တစ်ဖွဲဖွဲ ကျဆင်းနေတဲ့ တောင်ကြီးမြို့ရဲ့ မနက်ခင်းအစောကြီးမှာ ကိုကို့လက်ကို တွဲလို့ လဝန်း အေးချမ်းစွာ လမ်းလျှောက်နေမိလေ၏။
"လဝန်း"
"ရှင်"
"မှတ်မိသေးလား မမနဲ့ ပထမဦးဆုံးရောက်လာတဲ့အချိန်တုန်းက၊ ဒီလို နှင်းကျနေတဲ့မနက်ခင်းကြီး လဝန်းကို ကိုကို ဆွဲဖက်ခဲ့တာ"
"အဟင်းးး မှတ်မိသား၊အဲ့တုန်းက ကိုကိုက ‌လူဆိုးကြီးရုပ်နဲ့၊တစ်ကမ္ဘာလုံး သူ့လုပ်စာ ထိုင်စားနေသလို မှုန်ကုတ်ကုတ်နဲ့၊လဝန်းကို ပြောပုံများ ရုပ်ကြ္းက ဒီလိုနဲ့"

လက်လျှောက်နေရင်း ကျောက်ရုပ်လေးလို ရပ်ကာ
ခက်ထန်သွားသော မျက်နှာအား ပြင်ယူ၍
"လမ်းကွေ့မှာ ဆိုင်ကယ်တွေ လူရှင်းတယ်ဆို အသကုန်မောင်းနေကြ၊ရှေ့မကြည့်နောက်မကြည့် အဲ့လို ဖုန်းပြောနေရင် တိုက်ပြီး ကိစ္စတုံးသွားလိမ့်မယ်တဲ့လေ.....အွန်း လူကိုများ ကိစ္စတုန်းသွားမယ်တဲ့"

"ဟားး ဟားးး ကိစ္စမတုံးလို့ ရက်ပေါင်းအကြာကြရင် ကိုကို့ဇနီးဖြစ်‌ရတော့မယ်"
"အဲ့ဒါကိုပဲ ခံတွင်းတွေ့နေနော် ကိုကို"
"အဟွန်း ချစ်ရလို့လေကွာ"
"တော်ပြီ လဝန်း ဗိုက်ဆာတယ်"

လဝန်းနဲ့သူနဲ့ မနက်‌အစောကြီး လမ်းလျှောက်ထွက်လာပြီး လိုင်းကားပါ တိုးစီးလိုက်သေး။တောင်ကြီးကို မခွဲခွာခင် ချစ်ရသူ‌လေး လက်ကိုတွဲလို့ လွတ်လပ်စွာ လျှောက်လှမ်းမိခြင်းပင်။အခုဆို
ရွှေဘုံစံဟာလည်း သူ့တရားသူစီရင်သွားပြီလို့ ဆိုရမယ်။ပြစ်မှုဆိုင်ရာ သက်သေအထောက်အထား ခိုင်လုံမှုကြောင့် လူသတ်ရန်ကြံစည်မှု အခါခါ ကျူးလွန်လို့ ထောင်ဒဏ် ၂၅ နှစ် ကျခံရသလို မိဘနှစ်ပါးနှင့် သူ၏ ဆမ လက်မှတ်အား ချိတ်ပိတ်သိမ်းဆည်းခြင်း ခံရလေ၏။

ကုန်သည်လမ်းကနေ ဖြတ်လျှောက်ကာ မြို့မဈေးမရောက်မှီ အကွေ့မှာ တို့ဟူးနွေးဆိုင်လေး တွေ့လို့
"ကိုကို တို့ဟူးနွေးစားမယ်"
"အင်း"
နှစ်ယောက်သား ဆိုင်အတွင်းဝင်ရောက်ကာ တို့ဟူးနွေးမှာလိုက်သည်။
"လဝန်းနှစ်ပွဲစားမယ်နော်"
"အစားလျော့စား ဝက်ကလေးဖြစ်နေပြီ၊မင်္ဂလာဆောင်ခါနီး ကိုကိုမချီနိုင်ဖြစ်မယ်"
"မချီနဲ့ပေါ့"

သက်ဆုံးတိုင် မခွဲချင်Where stories live. Discover now