အခန်း (၃)
နံနက်ခင်း ၅ နာရီအချိန်တွင် လဝန်းအကျင့်အတိုင်း စာဖတ်ရန် နှိုးထလာခဲ့လေသည်။ လဝန်း မျက်နှာသစ် ၊ဆံပင်တွေရှင်းပြီး ဘုရားဝတ်ပြုကာ စာစတင် ဖတ်နေမိလေ၏။
Thesis ၏ Topics ဟာ Laboratory of Organic Chemistry ဖြစ်လေတော့ chemical Name တွေ အများအပြား ဖတ်ရ၊မှတါရလေသည်။ စာဖတ်နေရင်းပင် လဝန်း ပြတင်းပေါက်တံခါးဖွင့်ကာ အပြင်သို့ ကြည့်မိလိုက်ရာ
"ဟယ် နှင်းတွေ ကျနေတာပါလား"
အုံ့မှိုင်းမှိုင်း နှင်းမှုန်နှင်းပွားလေးတွေကြောင့် ပတ်ဝန်းကျင်ရှိအိမ်တွေက မီးအလင်းရောင်ဖြာလင်းမှုတွေကြောင့် လှပလို့ နေရလေသည်။ အိမ်ရှိတံခါးမကြီးကို ဖွင့်၍ လဝန်းအပြင်သို့ ထွက်လာခဲ့မိလေသည်။
"လှလိုက်တာ"
အသင့်ယူလာတဲ့ ဖုန်းအားထုတ်လို့ လဝန်းကိုယ့်ဘာသာကို ဓာတ်ပုံလှလှလေးတွေ ရိုက်ရင်း တောင်ကြီးမြို့၏ မနက်ခင်းနှင်းကျတဲ့အလှကိုပါ ရိုက်ထားလိုက်လေသည်။
ဖွင့်လျက်ရှိသော ခြံဝန်းတံခါးမကြီးကနေ လဝန်း အပြင်သို့ ထွက်ရပ်ရင်း ရိုက်လို့နေမိသည်။ ဓာတ်ပုံရိုက်နေရင်း လဝန်း၏ သူငယ်ချင်း ယမင်းနွယ်ကို သတိရမိလိုက်ကာ ဖုန်းဆက်လိုက်မိလေသည်။
"ယမင်းး "
အိပ်စုံမှုန်ဝါးနဲ့ ထူးသံကြားလေမှ လဝန်းနာမည်လေးအား ခေါ်မိလိုက်သည်။
"ယမင်း နင်လိုင်းပေါ်တက်ခဲ့၊တောင်ကြီးက မနက်ခင်းကျတဲ့ နှင်းတွေ ပြမယ်"
"..."လဝန်းအပြောကြောင့် ခရီးထွက်တာ ဝါသနာပါလွန်းတဲ့ ယမင်းချက်ချင်းလိုင်းပေါ်တက်လာလေ၏။
လဝန်းတို့သူငယ်ချင်းနှစ်ယောက် လိုင်းပေါ်ရောက်တာနဲ့ video call ခေါ်မိကြ၏။
"Wow လဝန်း လှချက်၊အဲ့လို မနက်ခင်းကို မြင်ချင်တာ လဝန်းရဲ့"
"မြင်ရလား ယမင်း"
"မြင်ရတာပေါ့ ၊တီချယ်ကော "
"အိပ်ကြတုန်း"
"လဝန်း တီချယ်တို့အိမ်လား"
"အင်း ဒါတီချယ်တို့ အိမ်ရှေ့၊ဒါက လမ်း၊ဟိုးရှေ့ကို ဆက်ထွက်သွားရင် စဝ်စံထွန်းဈေး""တောင်ပေါ်တွေလား"
"ဒီနားကတော့ တောင်ပေါ်မဟုတ်ဘူး ယမင်း၊နဲနဲ ပြေတယ်၊တောင်ပေါ်မှာလဲ အိမ်တစ်လုံးရှိတယ်တဲ့ တီချယ်ပြောတယ်"
"အိုးးး လာချင်လိုက်တာ လဝန်းရယ်၊ငါ့ကို လမ်းနည်းနည်း လျှောက်ပြအုံး"
YOU ARE READING
သက်ဆုံးတိုင် မခွဲချင်
Storie d'amore၅ နှစ်တာ ချစ်ခဲ့တဲ့ချစ်သူရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရလို ၁ နှစ်ကျော် လေလွှင့်နေတဲ့ သျှန်၊သျှန့်မမရဲ့ တစ်ပည့်မလေးကို တွေ့ပြီးမှ ရင်ခုန်သံတွေ အသစ်ပြန်ဖြစ်မလား၊ချစ်သူဟောင်းကိုပဲ တမ်းတလွမ်းဆွတ်နေမလား မျက်နက်ဝန်းလေးနဲ့ မျက်စောင်းထိုးတိုင်း ရယ်မောလိုက်တို...